အပိုင်း၁(Unicode)

783 11 1
                                    

"လွမ်းဟိန်းထက်မှူး!!!"

လွမ်း သင်တန်းဆင်းချိန် အိမ်ပြန်မယ်အလုပ် သူရဲ့အနောက်ကနေ နာမည်လှမ်းခေါ်လိုက်သောကြောင့် လှည့်ကြည့်မိတော့ သင်တန်းရဲ့ ဂျစ်ကန်ကန်အကောင်ဖြစ်တဲ့ နက် တစ်နည်းအားဖြင့် သူ့အပေါ်အမြဲနိုင်နေတဲ့လူဆိုးကောင်။

မသိချင်ယောင်ဆောင်ကာ ထပ်ခြေလှမ်းလှမ်းဖို့ ပြင်ပြန်တော့လည်း ဒေါသထွက်နေတဲ့အသံနဲ့ထပ်အော်ပြန်လေသည်။

"လွမ်းဟိန်းထက်မှူး ခင်ဗျားအဲ့နေရာမှတင် ရပ်လိုက် မဟုတ်ရင် ကျွန်တော်အဆိုးမဆိုနဲ့"

လွမ်း ဆိုတဲ့ သူကလည်း ဂရုမစိုက်ဘဲ ရှေ့ဆက်သွားနေလေသည်။သူ့ကိုမှီလာတော့ လက်ကိုဆွဲထားပြီး ဒေါသကိုထိန်းထားတဲ့အသံဖြင့် ပြောလာသော နက်။

"မင်းဘာအချိုးချိုးတာလဲ လွမ်းဟိန်းထက်မှူး"

"ငါ့က ဘာအချိုးချိုးလို့လဲ"

နက်မှတော့ ဒေါသတွေအလိပ်လိုက် ထွက်ရလွန်းလို့ ရင်ဘတ်နိမ့်ချည်မြင့်ချည် ဖြစ်နေသော်လည်း သူ့ရဲ့ရှေ့ကကောင်လေးကနေတော့ အေးဆေးဖြစ်နေလေ၏။

"တောက်!!!"

"ငါ့ကို တောက်ခေါက်စရာမလိုဘူး နက်"

"ခင်ဗျားအချိုးမပြေလို့ ကျွန်တော်စိတ်တိုတောက်ခေါက်နေရတာလေဟမ်"

"ဘယ်သူအရင် အချိုးမပြေတာလဲ နက်"

"ကျွန်တော်အချိုးမပြေလို့ ကျွန်တော်မပတ်သက်ပါနဲ့ပြောထားတဲ့ အကောင် နဲ့ ရီမောနေတာလား လွမ်း"

"ဒီမယ် နက် သူ့စာလာမေးလို့ ငါ့ပြောပြတာပဲရှိတာ မင်းလို လူရိုင်းကောင်လိုမျိုး ငါ့ကမမေးနဲ့ ထွက်သွားလို့ ပြောရမှလား"

"ပြောလိုက် ပြောသင့်ရင် ပြောရမှပဲ"

"တော်စမ်း နက် သင်တန်းမှ ငါ့တို့ပဲရှိတော့တာ အဲ့လောက်အော်ပြောမနေနဲ့ ပြန်မယ် ဖယ်"

"အဲ့ဆို လာ အိမ်ရောက်မှ ဆက်ရှင်းမယ်"

လွမ်းရဲ့လက်ဆွဲခေါ်ကာ အိမ်ပြန်လာခဲ့သော နက်။

"ကျွီ"

ကနဲ့ မြည်အောင် ဘရိတ်အုပ်၍ ပေါ်တီအောက်ရပ်လိုက်တဲ့ နက်ပြိုင်ကားကြောင့် Black စံအိမ်တော်ရဲ့အလုပ်သမားခေါင်းထောင်သွားရသည်။ဒီလိုပုံစံက သူ့တို့ရဲ့သခင်လေး အစ်ကိုလေးလွမ်းဟိန်းထက်မှူးနဲ့သင်တန်းကပြသာနာတတ်လိုက်တိုင်း အမြဲလုပ်နေတဲ့အမူအရာပင်။အခန့်မသင့်ရင် သူ့တို့ဘက်ကိုပါ လှည့်နိုင်တဲ့မီးတောက်ဖြစ်သည့်အတွက် အလုပ်သမားတွေ သတိအနေအထားရှိနေရလေ၏။ဧည့်ခန်းထဲထိ ဆွဲခေါ်လာပြီး ဆိုဖာပေါ်တွန်းချကာ စိတ်တိုနေတဲ့အံ့ကြိတ်သံဖြင့် ထပ်မေးလာပြန်သော နက်။

ခင်ဗျားကမောင်ရဲ့အပိုင်/ခင္ဗ်ားကေမာင္ရဲ့အပိုင္(Completed)Où les histoires vivent. Découvrez maintenant