မောင့်အရိုင်းပန်း (၇)

215 30 4
                                    

Unicode

💬ဘတ်ဟျွန်းနီ နိုးပြီလား
💬မနက်စာရောစားပြီးပြီလား
💬အာဆိုင်ရောက်နေပြီထင်တယ်
💬ဘာလုပ်နေတာလဲ
💬ကိုယ့်ကိုစာပြန်ပါအုန်း

"ကျစ်"

ဘတ်ဟျွန်းတစ်ယောက်စိတ်တွေရှုပ်နေရပါသည်။
ပတ်ချန်းယောလ်ဆိုတဲ့ထိုလူသားဟာ မနေ့က ဘတ်ဟျွန်းအမြင်ကပ်ကပ်ဖြင့်ပေးခဲ့သည့် ဖုန်းနံပတ်အားကြည့်ပြီး အိမ်ထဲဝင်မည့် ဘတ်ဟျွန်းအား အတင်းဆွဲကာ ဘတ်ဟျွန်းရဲ့ ဖုန်းနံပတ်အမှန်မပေးမချင်း အိမ်ရှေ့ကမသွားဘူးဟု ခြိမ်းခြောက်လာသည်မို့ မတတ်နိုင်စွာ ဘတ်ဟျွန်းပေးခဲ့ရသည်။

အခုတော့ အရင်ကဘာနိုတီမှမမြည်သည့်ဖုန်းလေးဟာ တတီတီ တဂွမ်ဂွမ်ဖြင့် မြည်နေချေပြီ။ ဘတ်ဟျွန်းဖုန်းအားရိုက်ခွဲချင်စိတ်တွေပေါက်နေသော်လည်း အန်တီယူနာဝယ်ပေးထားသည့် iphoneလေးမလို့မလုပ်ရပ်ပါ။(ကြွား)

ကိုယ့်ဘာကိုယ်မဝယ်နိုင်လို့လားဆိုတော့မဟုတ်ပါ။ဇီဇာကြောင်အန်တီမလို့ အမြင်ကပ်ကပ်နဲ့ မရရအောင် ဝယ်ခိုင်းခဲ့ချင်းပေ။

💬ဘတ်ဟျွန်းနေ့လည်စာအတူစားလို့ရမလား?

ဘတ်ဟျွန်းစိတ်မရှည်တော့ပါ တရစပ်ဝင်လာသည့်စာများကြောင့် ဒေါသကပေါက်ထွက်လာသည်။

တစ်ဖက်ကချန်းယောလ်မှာတော့ စာသင်ချိန်မဝင်ပဲ အိမ်သာထဲ ဖုန်းတကိုင်ကိုင်နဲ့ ယောက်ယက်ခတ်နေသည်။ အရိုင်းပန်းလေးဆီကဖုန်းနံပတ်လေးရထားသည်မို့ စိတ်လှုပ်ရှားကာ စာတွေဆက်တိုက်ပို့လျက် စာမပြန်သည့်အဆိုးလေးဟာ မည်မျှဒေါသထွက်နေမည်မသိပါ။

*I would love just to be stuck to your side not with anybody else anybody else*

ချန်းယောလ် ဖုန်းကိုင်ပြီးယောက်ယက်ခတ်နေတုန်း ringtoneမြည်ကာ နံပတ်အစိမ်းလို့ထင်ရပင်မဲ့ ချန်းယောလ်အလွတ်ရနေပြီဖြစ်တဲ့ callလေးတစ်ခုဝင်လာခဲ့သည်။ ချန်းယောလ် ဖုန်းလေးကိုင်လိုက်တော့

"ရားးးပတ်ချန်းယောလ် ဘောမို့ စာတွေဇွတ်ပို့နေတာလား"

ဖုန်းလေးကိုင်ပြီး နား နားလေးကပ်မိတုန်းရှိသေး အသံtoneပါဝါအမြင့်ဖြင့်အော်ပြီးဆဲလိုက်သည့် သူ့အရိုင်းတုံးလေးကြောင့် ချန်းယောလ် ပြုံးမိသွားသည်။

မောင့်အရိုင်းပန်း(🇲 🇾  🇼 🇮 🇱 🇩  🇫 🇱 🇴 🇼 🇪 🇷 )Where stories live. Discover now