(Uni)
.
.
.
"ကိုကို"ထိုအသံကြောင့် အိမ်ပေါ်ထပ်ကဆင်းလာတဲ့နိုင်းဒီယံမှာ လန့်တန့်တန့် မနက်စောစောစီးစီး ဦးဘိုစိုင်းသမီးအငယ်က ရောက်နေလေ၏
ညကများထားလို့ခေါင်းတွေကိုက်နေတာ ယခုတော့ပိုဆိုးသည်ဟုထင်ပါသည်
သူ့ဟာနဲ့သူအချောအလှလေးဆိုပေမဲ့ အတင်းကြီးလိုက်ကပ်နေတာမျိုးကို သိပ်သဘောမတွေ့လှပါချေ"ဘယ်လိုရောက်လာတာလဲ "
ထမင်းစားပွဲဝိုင်းမှာ စားတော်ခဲနေသည့်အစ်ကိုလုပ်သူဆီသွားကာ ဖန်ခွက်ထဲရေငဲ့ကာသောက်လိုက်၏
ကောင်းကင်ယံမှာ ထိုကောင်မလေးယူလာကာပြင်ဆင်ပေးထားသောမနက်စာကိုစားနေရင်း သူ့ညီရေသောက်တာကိုငေးနေသော ဘရဏီဦးကိုကြည့်ကာ ခိုးရီမိ၏
ကြည့်ကောင်းတဲ့ယောက်ျားတွေများ ရေသောက်တာတောင်ဆွဲဆောင်မူရှိနေလေ၏
"ကိုကိုနဲ့မတွေ့ရတာကြာပြီလေ. ဖုန်းဆက်ရင်လဲ ကိုကိုကမကိုင်ဘူး ရှောင်မရအောင် လိုက်လာတာ အဟီး"
နိုင်းဒီယံ ထိုင်ခုံဆွဲထိုင်ကာ သူမယူလာသော မုန့်နဲ့စားစရာတစ်ချို့ကို မြည်းစမ်းကာ စားလိုက်ပါသည်
ဘရဏီဦးမှာလူကသာငယ်တာ လက်ရာကတော့ရှယ်ကောင်းတာသူသိသည်
ထို့ကြောင့်မစားဘူးဟုမငြင်းခဲ့တာများ၏"ကိုကိုဒီနေ့ ကျောင်းမတက်ဘူးလား"
"တက်မှာ အချိန်မကျသေးလို့"
တီ..တီ...တီ((((
မုန့်နိုက်စားနေရင်း မြည်လာသောဖုန်းကိုကျန်လက်တစ်ဖက်နဲ့ကောက်ကိုင်လိုက်ပါသည်
"ပြော..အသဲလေး "
နိုင်းဒီယံ ဖုန်းပြောနေတာကိုသေချာနားထောင်ရင်း ဘရဏီဦးရဲ့မျက်နှာမှာအလိုမကျမူတွေကြီးစိုးလာပါသည်
"ဒီနေ့အတန်းမတက်တော့ဘူး ဖျားနေလို့ "
တစ်ဖက်ကရွှေ့စကားကြောင့်အလျင်အမြန်အပေါ်ထပ်သို့ရောက်သွားသည့်သူ
ဖုန်းကိုလဲပြောနေရင်းမချနိုင်ပေ"ဘာဖြစ်တာလဲ...ဘယ်နားကနေမကောင်းလို့လဲ..."
"ရေချိုးမှားသွားလို့ပါ ...သိပ်စိတ်မပူနဲ့..."
YOU ARE READING
အချစ်ရေ../ အခ်စ္ေရ..(U+Z)