အခန်း၃၂

2.5K 292 4
                                    

၅နာရီထိုးပြီး ၅မိနစ်မှာ ကျီဖန်ယင်းသည် သူပို့ထားတဲ့လိပ်စာကို ရောက်ရှိလာသည်။

စားသောက်ဆိုင်သည် တံတားပေါ်တွင် တည်ရှိတာကြောင့် ရှုခင်းသည် အတော်လေးကောင်းပါသည်။ ဒီနေရာသည် အလွန်စျေးကြီးသော်လည်း လူံခြုံရေးသည် အလွန်ကောင်းမွန်ပါသည်။ ထို့အတွက်ကြောင့် နာမည်ကြီးအများစုသည် ဒီနေရာတွင် လာရောက်စားသောက်တတ်ကြသည်။

ကျီဖန်ယင်းသည် ဧည့်ကြိုကောင်တာတွင် အခန်းနံပါတ်ကို ပြောလိုက်ပြီး စားပွဲထိုးတစ်ယောက်က သူမကို ခေါ်သွားပေးခဲ့သည်။

လူခြောက်ယောက်အတွက် အခန်းဖြစ်သော်လည်း ဘိုင်ကျိုး တစ်ယောက်တည်းသာ အခန်းထဲတွင် ရှိ​နေသည်။  သူ့လက်ထဲမှာ ဖုန်းကို အလျားလိုက် ကိုင်ထားပြီး နားကြပ်တပ်ကာ ဂိမ်းဆော့နေသည်။ သူ၏ ညာခြေထောက်ကို ဘယ်ဘက်ခြေထောက်ကို ပေါ့ပေါ့ဆဆ တင်ထားသဖြင့် ဆိုးသွမ်းသောကောင်ငယ်လေးကဲ့သို့ ဖြစ်နေသည်။

တံခါးဖွင့်သံကို ကြားလိုက်ချိန်သည် သူသည် အမှုမဲ့အမှတ်မဲ့ မော့ကြည့်လိုက်သည်။

တံခါးဝမှာ ရပ်နေတဲ့လူကို မြင်လိုက်ရတော့ ချက်ချင်းဆိုသလို စက္ကန့်အတော်ကြာ အေးခဲသွားတယ်။ သူသည်  ကြောင်တက်တက်နဲ့ ခြေထောက်ကိုချကာ ချီတုံချတုံနဲ့ "မမ?"

သူ့အသင်းဖော်တွေက နားကြပ်ပေါ်ကနေ သူ့ကို အော်​ဟစ်ဆဲဆိုနေကြပေမယ့် သူ၏ခေါင်းထဲဝင်မသွားချေ။ သူကိုင်နေသည့် heroသည် စက္ကန့်အနည်းငယ်အတွင်း ရန်သူများ၏တိုက်ခိုက်မှုကို ခံလိုက်ပြီး ​သေသွားသော်လည်း သူစိတ်မဝင်စားနိုင်ပေ။

ခဏအကြာတွင် သူသည် ဖုန်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး "မင်း သူနဲ့ဘာမှတူမနေဘူး။"

တံခါးဝမှာ ရပ်နေတဲ့ အမျိုးသမီးက သူ့ကို သံသယဖြစ်စွာ ကြည့်ပြီး "ဘယ်သူနဲ့ တူတာကိုပြောနေတာလဲ။"ဟု မေးလိုက်သည်။

တကယ်တော့ ဘိုင်ကျိုးဟာ မနေ့ညက စုန့်ရှီးယွီ ပြောတာကို မယုံခဲ့ပါဘူး။ ကျီရှင်းရှင်း ပဲရစ်မြို့ကို ထွက်ခွာသွား​ပြီးနောက် သူစိတ်လွတ်သွားသည်ဟုသာ ထင်ခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now