Chapter (26)

1.4K 254 15
                                    


( Unicode )

ညရှစ်နာရီကျော်နောက်ပိုင် ဒီအချိန်သည်လူတိုင်း၏ ညပွဲသဘင်စတင်ချိန်ဖြစ်သည်။

အဆင့်အတန်းမြင့် သီးသန့်အခန်းတစ်ခုတွင် အပြင်းအထန် လေ့ကျင့်ခန်းလုပ်ခြင်းမှ ပြီးဆုံးသွားသောလူနှစ်ဦးသည် အချင်းချင်း ရင်းနှီးစွာပွေ့ဖက်ထားကြသည်။

" အန်ဒရီ ~ ... " ဖုန်းဇီအန်က ခေါ်လိုက်ပြီး အန်ဒရီရဲ့ ပါးပြင်ကို သူ့လက်ချောင်းတွေနဲ့ ထိ​တွေ့ပွတ်သပ်နေသည်။

ဖုန်းဇီအန်သည် အလွန်ပျော်ရွှင်နေတယ်။

သူနှင့်အန်ဒရီသည် အချိန်အတော်ကြာ အတူရှိခဲ့ဖူးသော်လည်း အန်ဒရီသည် ယခင်ကကဲ့သို့ စိတ်လှုပ်ရှားခြင်းမရှိသဖြင့် သူသည် အန်ဒရီကို လုံးလုံးလျားလျား လက်လွှတ်လိုက်ရသလို ခံစားလာရတယ်။

" မကြာသေးမီက တီဗီစီးရီးတစ်ခုကို ကျတော် စိတ်ဝင်စားနေတယ်။ ပြီးတော့ ကျတော်အဲ့ဇာတ်လမ်မှာ ဒုတိယအမျိုးသားဇာတ်လိုက်အဖြစ် သရုပ်ဆောင်ချင်တယ်။ အန်ဒရီ ကျေးဇူးပြုပြီး ရင်းနှီးမြုပ်နှံသူတွေကို ပြောပေးပါဦး ~ "

အန်ဒရီသည် စိတ်ခံစားချက်အလွန်ကောင်းနေပြီး မေးတယ်။ " ဘယ်,တီဗီစီးရီးလဲ? "

" The Journey ကရှေးခေတ်ဝတ်စုံတွေနဲ့ သမိုင်းဝင်ဒရမ်မာတစ်ခုလေ။ ကျတော် ခင်ဗျားကို အဲ့ဒီဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာအကြောင်း ပြောပြ ....."

ထိုအခိုက်အတန့်တွင် အန်ဒရီ၏ဖုန်းသည် ရုတ်တရက်မြည်လာပြီး ဖုန်းဇီအန်း၏ စကားများကို အဆက်ပြတ်သွားစေခဲ့တယ်။

မိုဘိုင်းဖုန်းပေါ်တွင် ပေါ်နေသည့် မုရှင်းယု၏နာမည်ကို ဖုန်းဇီအန်းမြင်သောအခါ သူ့တစ်ကိုယ်လုံး နေထိုင်မကောင်းဖြစ်လာပြီး သူ့မျက်နှာသည် ချက်ချင်းပင် ရုပ်ဆိုးသွားခဲ့သည်။

အစကတည်းက အန်ဒရီသည် မုရှင်းယုအတွက် အလွန်ထူးခြားကြောင်း သူတွေ့ရှိခဲ့ပြီး မုရှင်းယုအတွက် လျော်ကြေးငွေများပင် ပေးချေခဲ့တယ်။ ဒါက သူ့ကို မနာလိုစိတ်ဖြင့် ရူးသွပ်သွားအောင် လုပ်နေတယ်။

" သူက ဘာလို့ခေါ်တာလဲ? " ဖုန်းဇီအန်းက မေးသည်။

အန်ဒရီ၏မျက်လုံးပြာများက သူ့အားအေးစက်သောအကြည့်ကိုပေးလာတယ်။ ဒါက ဖုန်းဇီအန်ကို ကြောက်ရွံ့ထိတ်လန့်စေပြီး စကားမပြောဝံ့တော့ပေ။

RTMADF (မြန်မာဘာသာပြန်) Donde viven las historias. Descúbrelo ahora