အပိုင်း ၁၉ ဖြောင့်မတ်သောစီနီယာအစ်ကိုကြီး၊ ကောင်းကင်သတ်ဖြတ်ခြင်းဓားနည်းစနစ်

948 97 0
                                    

အပိုင်း ၁၉ ဖြောင့်မတ်သောစီနီယာအစ်ကိုကြီး၊ ကောင်းကင်သတ်ဖြတ်ခြင်းဓားနည်းစနစ်

ကြီးမားသောပုံရိပ်သည် ဓားကိုဝေ့ယမ်းလိုက်သည်နှင့် ၄င်းကိုဗဟိုပြု၍အချင်းဝက် မိုင်သုံးဆယ်ခန့်အကျယ်အဝန်းကို သန့်စင်သောဓားစိတ်ဆန္ဒတို့သည် လှုိင်းလုံးများသဖွယ် ဖုံးအုပ်သွားခဲ့သည်။မရေမတွက်နိုင်သောတပည့်တို့သည် ဤဓားစိတ်ဆန္ဒကိုခံစားကြရပြီး တာအိုဆရာသခင်တို့သည်လည်း ထို့နည်းတူစွာပင်ဖြစ်သည်။

အရှင်ရွမ်ချီက ၄င်းကိုခံစားမိသည်နှင့် အော်ဟစ်လိုက်သည်။

''ပညာရှင်အုပ်စိုးသူ နည်းစနစ်''

တခြားသော အဆင့်မြင့်တာအိုဆရာသခင်တို့မှာလည်း ထိပ်လန့်နေကြသည်။တာအိုတေးသံ သည် ကောင်းကင်သို့ပဲ့တင်ထပ်နေ၏။

လေထဲတွင် ပြင်းထန်စွာပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး အစိမ်းရောင်ကြာပန်းတစ်ပွင့်ဖူးပွင့်လာသည်။

'' ဒါ...ဒါကတာအိုတေးသံပဲ ပြီးတော့အဲဒီကြာပန်းကြီးကိုကြည့်လိုက်''

''ဒီလိုပုံရိပ်မျိုးက ကျင့်ကြံသူတစ်ယောက် မြင့်မြတ်သခင်အဆင့်ကိုချိုးဖျက်ဝင်ရောက်တဲ့အခါမှထွက်ပေါ်တတ်တာမလား...ဒါမှမဟုတ် မဟာတာအိုကို တွေ့ရှိတဲ့အခါမှထွက်ပေါ်တတ်တဲ့အရာပဲ''

'' ပညာရှင်အုပ်စိုးသူ ...ခေါင်းဆောင်ငယ်ကပညာရှင်အုပ်စိုးသူနည်းစနစ်တစ်ခုခုကိုဖန်တီးနေတာလို့ပြောချင်တာလား''

'' သာမန် ပညာရှင်နည်းစနစ်တွေက အခုလိုဓားစိတ်ဆန္ဒနဲ့ တာအိုတေးသံတွေထွက်ပေါ်လာမှာမဟုတ်ဘူး...အ​ဲတာကြောင့် ဒါကသေချာပေါက် ပညာရှင်အုပ်စိုးသူနည်းစနစ်တစ်ခုပဲ''

ထိုစကားသုံးခွန်းပြောလိုက်သည်တွင်လူတိုင်းထပ်မံရှော့ရသွားပြန်သည်။

​ှေရှးယခင်အချိန်က နောက်ဆုံးအင်ပါယာကျဆုံးပြီးနောက် ကောင်းကင်ကြယ်တာရာသည် ကျဆုံးခြင်းခေတ်ကိုဝင်ရောက်ခဲ့ရသည်။

ထိုအချိန်မှ ယခုအချိန်ထိ အင်ပါယာအသစ်တစ်ပါးမပေါ်ပေါက်သေးပေ ။ပညာရှင်အုပ်စိုးသူအဆင့်သည် အမြင့်ဆုံးတည်ရှိမှုပင်ဖြစ်သည်။ကောင်းကင်ကြယ်တာရာထဲတွင်ပင်ကား ပညာရှင်အုပ်စိုးသူ နည်းစနစ်တို့သည် အလွန်ပင်ရှားပါးသည်။ပြောရလျှင် ကြယ်တာရာတစ်ခုလုံးတွင်ပင်ကား ၄င်းတို့သည်များများစားစားမရှိပေ။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Hikayelerin yaşadığı yer. Şimdi keşfedin