"လွှတ်စမ်းခွေးကောင်ရဲ့ ငါ့ကိုဘာလုပ်တာလဲ"
ထိုင်ခုံပေါ်မှာချုပ်ထားဂာကနေရုန်းထိုးနေတဲ့ကောင်ကိုHyunjinသေချာကြည့်နေသည်
ဒီမျက်နှာ ဒီအရပ် ဒီခန္ဓာကိုယ်တစ်စက်မှမပြောင်းလဲသည့်တိုင်အောင်ဘာလို့အကျင့်စရိုက်တွေမတူရသနည်း
တစ်ချိန်ကပကတိဖြူစင်ခဲ့သောမျက်နှာနုနုသည်
ယခုအခါကြမ်းတမ်းစွာပဲတင်းမာနေခဲ့သည် အမြဲကြောက်ရွံ့နေပြီးချိုသာတဲ့စကားလုံးများသာပြောတတ်တဲ့ကောင်လေးသည် အခုတော့ရိုင်းစိုင်းပြီးတော့ကလေကချေတစ်ယောက်လိုသာ"မင်းဘယ်သူလဲ"
"ဒါမေးဖို့အတွက်မင်းတို့ကောင်တွေ
ဒီအထိဖမ်းလာတာလား
မင်းတို့ဆီကအိတ်ခါးပိုက်နှိုက်မိလို့ဖမ်းတယ်ထင်လို့"တစ်ခွန်းမကျန်ပြန်ခံပြောသူကတစ်ချိန်ကခေါင်းငုံ့ပြီးကြောက်တတ်တဲ့အသွင်မျိုးမဟုတ်
"ဘာတွေဖြစ်သွားရတာလဲ"
လေသံအေးအေးပိုင်ရှင်ကအေးအေးဆေးဆေးလက်ပိုက်ပြီးပြောတဲ့အသံတွေ မျက်လုံးအိမ်တွေတည်ငြိမ်နေပါသည်
"မေးခွန်းတွေများတယ် မဖြေချင်ဘူး"
ခနဲ့သလိုလိုရွဲ့နေသလိုလိုပြန်ပြောတဲ့သူက
ဘာလို့ ဒီလောက်အထိ