1

539 65 2
                                    

"မင်းဘယ်သူလဲ ဘယ်သူမို့လို့ငါ့အဖေကယောကျာ်းတစ်ယောက်နဲ့လက်ထပ်ခိုင်းတဲ့အထိ"

"အ့ ဖယ်ဖယ်ပေးပါ အသက်ရှူလို့မရ"

"မင်းအဲ့လိုကောင်စားမျိုးလားအဖေကိုပါငွေချူတဲ့အထိရှယ်ယာတွေရအောင်လုပ်ပြီး"

"တောင်းပန်ပါတယ် ဖယ်ပေးပါတကယ် တကယ်ဘာမှမသိလို့ပါ"

တကယ်သေတော့မယ်ထင်သည် တင်းကျပ်စွာဆွဲခံထားရတဲ့ကော်လံစသည် တင်းကျပ်လာပြီးလည်ပင်းကြောများထောင်တဲ့အထိဒေါသထွက်နေသူတစ်ယောက်ရဲ့အားနဲ့ချုပ်ကိုင်ထားရသည်

"မဟုတ်ဘူးဆိုငါ့ဆီအခုလွှဲစမ်း"

အရာအားလုံးမျက်လုံးထဲမဝေဝါးခင်ပြောမိတာသာ် ကျွန်တော်တကယ်မသိဘူး

ကော်လံကနေစောင့်ဆွဲခံရတာနဲ့အတူတူမင်္ဂလာပွဲပြီးပြီးချင်းအိမ်ရောက်လာတာနဲ့သောင်းကျန်းတော့သည့်သူ့အိမ်ထောင်ဖက်

Yongbok ဘာတွေများမှားလို့လဲ

လူတစ်ယောက်ကိုကူညီမိတာကနေဒီလောက်အဆင့်အထိ

နေတာကရွာဘက်မို့လို့တောင်ကုန်းတွေပေါ်တွင်ဂျင်ဆင်းမြစ်တွေရှာလို့ရ၏ တစ်ယောက်ထဲခက်ရင်းခွကိုင်ပြီး‌ေတာင်ပေါ်အတက်မှာသက်ကြီးပိုင်းအမျိုးသားတစ်ဦးလဲကျနေတတာတွေ့လို့ဆေးရုံကိုအရောက်ပို့ပေးခဲ့သည်

အဘိုးဖြစ်သူဟာလဲသူ့ကိုကယ်တာကျေးဇူးအထပ်တးထပ်‌တင်ပြီးကျေးဇူးဆပ်မည်ဖြစ်ကြောင်းအတန်တန် မှာကြားကာတက္ကစီနဲ့ပြန်လွှတ်လိုက်ပြီးသူကတော့လက်ထဲဆေးဖိုးနဲ့ကားခပါမကျန်တော့တာကြောင့်လမ်းလျှောက်ပြန်လာသည်

နောက်တစ်နေ့မနက်တွင်လူတစ်ယောက်လယပြီးရွာမှာသောင်းကျန်းတော့သည် ကားအမဲတစ်စီးနဲ့သန့်သန့်ပြန့်ပြန့်သူဌေးမိသားစုကသူတစ်ယောက်ဖြစ်မယ်ဆိုတာသိသည်

Yongbok မှာပြာပြာသလဲထွက်လာချင်းပဲ
ချက်ချင်းမျက်နှာကိုဆွဲထိုးကာ ငါ့ရှယ်ယာတွေဘာလုပ်လိုက်တာလဲဆိုတာနဲ့အတူ ငါ့အဖေကိုဘာနဲ့ခြိမ်းခြောက်လဲဆိုတဲ့အကြောင်းတွေ

သူလဲဘာမှမသိပေ ဒီအတိုင်းကြီးအထိုးခံလိုက်ရတယနဲ့အတူမသိတဲ့စကားတွေပြောသွားသည်

Switch on(Two Short/Completed)Where stories live. Discover now