အပိုင်း-၃၅

3.2K 174 7
                                    


အိပ်ရာနိုးသည်နှင့် တစ်ဘက်ခုတင်ဆီ အကြည့်ပို့မိသော်လည်း သေသေသပ်သပ်ခေါက်ပြီးသား အိပ်ရာခင်းလေးကသာ စောင့်ကြိုနေလေသည်။

" အပေါ့လေးပါးများ သွားနေတာလား "

တစ်ကိုယ်တည်း တီးတိုးရွတ်ဆိုရင်း မှန်သားတစ်ယောက် မျက်နှာသစ်ရန်သာ ပြင်လိုက်ရတော့၏။

ခုတင်ကိုယ်စီနှင့် အခန်းတစ်ခန်းထဲအတူတူသုံးနေသည့် သူတို့ပုံစံက အနည်းငယ်အနေခက်စရာရှိသော်လည်း စိမ်းသက်သည့်ပတ်ဝန်းကျင်မှာ ရာရာရှိနေသဖြင့် သူ အားတက်ရပါသည်။

introvertဆန်ကာ တစ်ယောက်တည်းနေတတ်သူမျိုးမို့ မှန်သားက အပေါင်းအသင်း မိတ်မဖွဲ့တတ်ပါလေ။

ဟုတ်တယ်
ရာရာရှိနေလို့ တကယ်တော်ပါသေးရဲ့...

မျက်နှာသစ်၊ သွားတိုက်ပြီးချိန် ပူပူနွေးနွေး မုန့်ဟင်းခါးပွဲက သူ့ကိုစောင့်ကြိုနေလျှက်သား...

"ကိုယ် ကျောင်းကန်တင်းက သွားဝယ်လာတာ အတူစားမယ်လေ "

ဟီးခနဲ တစ်ချက်ရယ်ပြလာရင်း သူ့မုန့်ထုပ်ကိုပါမြှောက်ပြနေသည့် ရာရာက သူ့အတွက်ပါ မနက်စာ သွားဝယ်ပေးနေသည်လား။

" မှန်သားနဲ့မှ သွားဝယ်လည်းရတာပဲကို "

" ကန်တင်းမှာ လူကြပ်တယ် သွားချွန်လေးရဲ့ ပထမတော့ အခြေအနေကြည့်ရင်း ဖုန်းဆက်ခေါ်မလို့ပဲ ထိုင်စရာနေရာတောင် မရှိတော့ ပါဆယ်ပဲဆွဲလာခဲ့တာ "

ရှည်ရှည်ဝေးဝေး ရှင်းပြနေသူကို မှန်သား တစ်ချက်မော့ကြည့်ရင်း လက်ကလည်း ပန်းကန်လွတ်တစ်လုံးထဲ မုန့်ဖက်ထည့်ကာ ဟင်းရည်ပါလောင်းချလိုက်ရင်း...

" အင်းပါ မှန်သားလည်း နောက်နေ့စောစောထပါ့မယ် အတူတူသွားစားကြတာပေါ့ "

မှန်သားစကားကိုကြားတော့ ရာရာက ခေါင်းညိတ်ပြကာ သဘောတူလာသည်မို့

" တကယ်ဆို ခုမနက်လည်း မှန်သားကို နှိုးလိုက်ရောပေါ့"

" သွားချွန်လေး အိပ်နေတာ ဒီလောက်ချစ်စရာကောင်းတာကို ဘယ်လိုနှိုးရက်မှာလဲ "

ဖွီး...

အကြော်အစအနနှင့် မုန့်ဟင်းခါးကို အားရပါးရစားနေသည့် မှန်သားမှာ ပြုံးစစနဲ့ရာရာ့စကားကြောင့် စားလက်စမုန့်ဟင်းခါးလေးပင် သီးသွားရ၏။

Cupid's Compass (Completed )Wo Geschichten leben. Entdecke jetzt