အပိုင်း- ၄၉ ( တောင်ပေါ်ရှိ မူမမှန်မှုများ )
{ သူရဲကောင်းကြီးက စာပေသမားလေးကို ကယ်သွားတယ် }
ဝူနျိုရွာမှာ အရင်အတိုင်း တိတ်ဆိတ်ငြိမ်သက်ဆဲဖြစ်ကာ နေဝင်မိုးချုပ် အလုပ်လုပ်မြဲလုပ်နေကြ၏။ ထိုသူတို့မှာ တောစပ်နားတွေ့ရသော မည်သူမှန်းမသိရသည့် အလောင်းများအား မေ့ပျောက်နေကြသည့်ဟန်ပင်ရကာ မည်သူကမှ ထိုအကြောင်းအား ထပ်မပြောကြ။
မွန်းတည့်ချိန်တွင် ရွာထဲမှ ယောက်ျားများမှာ နေ့လယ်စာစားရန် အိမ်ပြန်လာကြသည်။ ဆိုးပေလေးလုပ်နေသော ကလေးငယ်တစ်ယောက်ကမူ မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် မှိန်းနေကာ ပတ်ဝန်းကျင်တစ်ခွင်မှာလည်း တိတ်ဆိတ်နေ၏။
အသက်ခြောက်နှစ်ခုနစ်နှစ်မျှရှိသော ကောင်ငယ်လေးတစ်ယောက်က ရွာအဝင်ဝ၌ ဆော့ကစားနေကာ စကြာလေးတစ်ခုအား ကိုင်ပြီး လျှောက်ပြေးနေသည်။ ထိုစဥ် အနက်ရောင်ဝတ်စုံဝတ်ထားသည့် ယောက်ျားပျိုတစ်ယောက်က သူ့ဆီလျှောက်လှမ်းလာကာ ကလေးငယ်အား ချီလိုက်သည်။
ကလေးငယ်လေးမှာ လန့်ဖျတ်သွားကာ မျက်လုံးအဝိုင်းသားကြီးဖြင့် ထိုယောက်ျားအား ကြည့်လာ၏။
"သတိထားဦး"
အနက်ရောင်ဝတ်စုံဝတ်ထားသည့် ထိုယောက်ျားပျိုက ခမောက်ဆောင်းထားရာ သူ၏မျက်နှာပြင်အား သေချာမမြင်ရပါချေ။ သို့သော် အသံကမူ အတော်နားထောင်၍ ကောင်းလှ၏။
"မင်းမိဘရော ဘယ်မှာလဲ။ မင်းတစ်ယောက်တည်း ဘာလို့ ဒီရောက်နေတာလဲ"
"အိမ်မှာပါ၊ ကျွန်တော် ခိုးထွက်လာတာလေ"
ကလေးငယ်လေးက ဂုဏ်ယူစွာ ပြောလာ၏။
ထိုယောက်ျားပျိုမှာ ကျောက်ယွဲ့ပင် ဖြစ်သည်။ ထိုသူက မြို့ပြင်ဘက် ထွက်ကြည့်နေခဲ့ကာ ထိုစိုက်ခင်းက အရင်အတိုင်း ရှိနေမှန်း တွေ့ရသည်။ သို့သော် အလယ်ခေါင်ရှိ ပိပြားနေသောနေရာကမူ ဝါကျင်ညှိုးနွမ်းနေကာ ဘေးနားတွင်မူ စိမ်းလန်းနေမြဲဖြစ်၏။ ထို့ကြောင့် သဲလွန်စအသစ်များတွေ့ရန် ဝူနျိုရွာထဲ လာခဲ့ရာ ဤကောင်လေး ချော်လဲနေမှန်း တွေ့လိုက်ရခြင်းဖြစ်၏။
YOU ARE READING
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romanceတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...