အပိုင်း ၃၁ ယွမ်လင်၏သေးငယ်သောကမ္ဘာငယ်၊ ခရမ်းရောင်မူလအခိုးအငွေ့

800 76 0
                                    

အပိုင်း ၃၁ ယွမ်လင်၏သေးငယ်သောကမ္ဘာငယ်၊ ခရမ်းရောင်မူလအခိုးအငွေ့

အရှင် ယွမ်လင်၏ ဘဏ္ဍာတိုက်ကို မြုပ်နှံသောနေရာမှာ ေပါ်ထွက်လာခဲ့ပြီဖြစ်သည်။

များပြားသော တာအိုအက္ခရာတို့သည် ရွှေရောင်းအလင်းတန်းအဖြစ်စုစည်းကာ ကောင်းကင်ပေါ်သို့ထိုးတက်သွား၏။၄င်းသည် မြောက်များစွာသောတာအိုဆရာသခင်တို့၏ စိတ်အာရုံကိုဆွဲဆောင်လိုက်သည်။အထူးသဖြင့် အဖြူရောင်မြို့တော်တွင်ရှိနေသူများကိုဖြစ်သည်။

တာအိုဆရာသခင်များ နီးကပ်လာသည် နှင့်သူတို့၏ဓားမှ ဓားအလင်းတန်းများစွာထွက်ပေါ်လာသည်။

၄င်းတို့ထဲတွင် အတောက်ပဆုံးမှာ အဖြူရောင်ဓားအလင်းတစ်ခုဖြစ်သည်။လူတိုင်းသည် ၄င်းကိုမှတ်မိလိုက်ကြပြီးအံ့အားသင့်နေကြသည်။

''အဲ့တာက တိမ်ဖြူ ဓားသမားရဲ့ အကြီးဆုံးသားမဟုတ်ဘူးလား၊သူတောင်ဒီကိုရောက်တယ်လား''

'' အရှင်ယွမ်လင် ရဲ့ ရတနာတွေက တကယ်ပဲ ဆွဲဆောင်မှုရှိတယ်ထင်တယ်''

....

အရှင်ယွမ်လင်၏ ဘဏ္ဍာတိုက်ရှေ့တွင်...

ချူခွမ်းရန်သည် သူ၏ရှေ့တွင်ပွင့်လျှက်ရှိနေသော ​ေရွှရောင်ဂိတ်တံခါးတစ်စုံကိုကြည့်ကာ အလိုမကျစွာခေါင်းယမ်းလိုက်သည်။

ချီးပဲ...

'' သွားကြရအောင်... ''

ချူခွမ်းရန်သည် လန်ယုကိုဆွဲခေါ်ကာ ရွှေရောင်ဂိတ်အစုံကို တုံ့ဆိုင်းမှုမရှိပဲ ဖြတ်ကျော်လိုက်သည်။

ရွှေရောင်ဂိတ်တံခါးထဲသို့ဝင်ရောက်လိုက်သည်နှင့် ချူခွမ်းရန်နှင့် လန်ယုတို့သည် တောက်ပသော အလင်းတန်းနှင့် ထိပ်တိုက်တွေ့လိုက်ရသည်။အလင်းတန်း ပျောက်ကွယ်သွားသည်နှင့် သူတို့သည် တောအုပ်တစ်ခုရှေ့တွင် ပြန်ပေါ်လာသည်ကိုတွေ့လိုက်ရသည်။

'' ဒါကသေးငယ်တဲ့ အတုအယောင်ကမ္ဘာငယ်တစ်ခုပဲ...''

ချူခွမ်းရန်ကအံ့အားသင့်ကာပြောလိုက်သည်။ဒဏ္ဍာရီများအရ ဟင်းလင်ပြင် စွမ်းရည်ကို ကျွမ်းကျင်စွာတတ်မြောက်သော အဆင့်မြင့်ကျင့်ကြံသူတို့သည် ဤကဲ့သို့သော သေးငယ်သည့် အတုအယောင်ကမ္ဘာငယ်တစ်ခုကို ဖန်တီးနိုင်ကြသည်ဟုဆိုသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now