အပိုင်း ၇၀ ဒေါသထွက်နေသောအဇူရာတော်ဝင်ပြည်ထောင်ဘုရင်
ခေါင်းစဥ်သည်ကြင်ယာတော်ရွေးချယ်ပွဲသို့ရောက်ရှိသွားရာ လူတိုင်း၏စိတ်ထဲတွင် မင်းသမီးလင်လုံအကြောင်းစဥ်းစားလိုက်ကြသည်။အထူးသဖြင့်သူမနောက်ဆုံးအကြိမ် ညစာစားပွဲတွင်ချူခွမ်းရန်၏တိုက်ခိုက်မှုကို လက်တစ်ဖက်တည်းဖြင့် တားဆီးခဲ့သည့်အချိန်ကိုဖြစ်သည်။
သူတို့တောင်မှ ချူခွမ်းရန်၏တိုက်ခိုက်မှုကိုလက်ဗလာဖြင့်မတားဆီးနိုင်သော်လည်း မင်းသမီးလင်လုံကလုပ်နိုင်ခဲ့သည်။ထို့အရာက သူမသည်ထိပ်တန်းကောင်းကင်သမီးပျိုဖြစ်ကြောင်းကိုပြသနေသည်။
'' ပြီးတော့မင်းသမီးလင်လုံက နတ်ဘုရားအနှစ်သာရကိုပိုင်ဆိုင်ထားတယ်၊ တကယ်လို့ငါသာ အဲ့တာကိုရယူနိုင်ခဲ့ရင် ချူခွမ်းရန်ကိုယှဥ်ပြိုင်ကောင်းယှဥ်ပြိုင်နိုင်လိမ့်မယ်...''
ထိုအချိန်တွင် ေကာင်းကင်သားတော်တစ်ယောက်က ရေရွတ်လိုက်၏။
ထိုစကားသည်အမှန်ဖြစ်သဖြင့် လူတိုင်း၏မျက်လုံးများကတောက်ပသွားကြသည်။သူတို့သည် တောက်ပသောလမင်းလျှို့ဝှက်နယ်မြေမှ လက်ဗလာဖြင့်ပြန်လာရသော်လည်း နတ်ဘုရားအနှစ်သည်လည်း သူတို့ရရှိနိုင်သေးသော အခွင့်အရေးတစ်ခုပင်ဖြစ်လေ၏။
'' လက်လျှော့လိုက်ပါ...ချူခွမ်းရန်ရှိနေမှတော့ ငါတို့မှာကြင်ယာတော်ရွေးချယ်ပွဲကို အနိုင်ရမယ့်အခွင့်အရေးရှိနေသေးမယ်လို့ထင်လား...''
ကောင်းကင်သားတော်တစ်ယောက်ကပြောလိုက်သည်။သူ၏စကားလုံးများသည် လူတိုင်း၏ရင်ထဲတွင်တောက်လောင်နေသော မီးတောက်ကို ရေခဲရေတစ်ခွက်ဖြင့်လောင်းချလိုက်သကဲ့သို့ပင်ဖြစ်သည်။
ခါးသီးနေသောယွမ်ဟောင်သည် အားတင်းပြုံးကာပြန်ပြောလိုက်သည်။
'' ချူခွမ်းရန်ရဲ့စွမ်းအားက ငါတို့ကိုင်တွယ်နိုင်တာထက်ပိုနေတယ်...၊ သူသာဝင်ရောက်ယှဥ်ပြိုင်မယ်ဆိုရင် ငါတို့အတွက်လုံးဝအခွင့်အရေးရှိမှာမဟုတ်ဘူး၊ ဒါ့အပြင်မင်းသမီးလင်လုံသူ့ကိုသဘောကျနေသေးတယ်...''
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...