Unicode
" Space ကနေ ပြန်လည်ကြိုဆိုပါတယ် သတိုးရေ။ ကဲ ဒီတစ်ခါကော ဘယ်လိုနေရာမျိုးသွားရမယ် ထင်လဲ။"
'' ငါလဲ မသိဘူးလေ။ မင့်မျက်နှာကြည့်ရသလောက်ကတော့ ပြုံးစိစိနဲ့ဆိုတော့ ငါ့ကို ဂျင်းထည့်မလို့လား။ ''
'' မဟုတ်ရပါဘူးဗျာ။ နောက်ကမ္ဘာက entertainment ပိုင်းဆိုတော့ ပျော်စရာကောင်းမယ်ထင်လို့ပါ။ ''
'' Entertainment ဟုတ်လား။ ဘယ်လိုမျိုးလဲ။ အဆိုတော်တို့ သရုပ်ဆောင်တို့လိုမျိုးလား။ အဲ့တာမျိုးဆိုရင်တော့ မိုက်တယ်ဘဲ ပြောရတော့မယ် ထင်တယ်။ စိတ်ဝင်စားဖို့ကောင်းသားဘဲ။ ''
'' Omm ဟုတ်တယ်။ ဒါပေမဲ့ မင်းခန့်ကိုကတော့ business ပိုင်းယူမလားမသိဘူး။ သူက ပုံမှန်ဆို နည်းနည်း ဘဝင်ကိုင်တတ်တော့လေ။ သတိုးကိုပြောရင်တော့ သတိုးကို ကာကွယ်ဖို့ အကောင်ကြီးကြီး ဖြစ်ဖို့လိုလို့ ဘာညာနဲ့ ပြောလိမ့်မယ်။ အလကား၊ သူ့ဖာသာသူ ဘဝင်ကိုင်တာသပ်သပ်။ ''
'' ဟားဟား ဟုတ်ပါပြီ။ Orchid ရယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကိုယ့်တာဝန်ကို ပြီးမြောက်အောင်လုပ်ပြီး ကျွန်တော့်ကမ္ဘာကိုလဲ သစ်ပင်တွေနဲ့ ဖုံးလွှမ်းစေချင်လှပြီ။ မြန်မြန် ပြီးလေ ကောင်းလေဘဲလေ။ ''
'' Ok ok ဒါဆို အမှတ်တွက်ပေးမယ်လေ။ အရေးပေါ်အနေနဲ့ ကျန်တဲ့ point က ၅၀၀ zombie world ကနေ ရလာတာက ၂၀၀၀။
စုစုပေါင်း point ၂၅၀၀ ရှိတယ်။ ဘယ်ဟာတွေ အဆင့်မြှင့်ချင်သလဲ။ ပြောလို့ရတယ်နော်။ '''' လောလောဆယ် အဆင့်မမြှင့်ရသေးခင် အစွမ်းအသစ်တစ်ခုရမယ်မလား။ အဲ့တာအရင်ပေး ပြီးမှ ဘယ်ဟာအဆင့်မြှင့်ရမလဲ စဥ်းစားတော့မယ်။ ''
Orchid က ခေါင်းညိတ်ပြလိုက်ပြီး တုတ်တံလေးကို ဝှေ့ယမ်းကာ ပါးစပ်ကနေလဲ တစ်ခုခုကို ရေရွတ်နေတယ်။ ခဏအကြာမှာတော့ Orchid လက်ထဲကို သေတ္တာလေးတစ်ခုရောက်လာတယ်။
'' သတိုးကို ဘာမှမပြောတော့ဘူး ကိုယ့်ဖာသာကိုယ် အရင်စမ်းကြည့်မလား။ ''Orchid က သေတ္တာလေးကို သတိုးဆီ ပစ်ပေးလိုက်တယ်။
သတိုးဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ မျက်ကပ်မှန် အနီရောင်လေးကိုတွေ့လိုက်ရတယ်။ ဘာအစွမ်းလဲတော့ သေချာမသိပေမယ့် မျက်ကပ်မှန်ကို အရင်တုန်းကလိုဘဲ တပ်လိုက်တယ်။ အရင်တစ်ခေါက်ထက် ပိုစူးရှပြီး နာကျင်တဲ့ ခံစားမှုကို ခံစားရပြီးနောက်မှာ အစွမ်းတစ်ခုတိုးလာတဲ့ ခံစားချက်ကို သိလိုက်ရတယ်။ တစ်ချိန်တည်းလိုဘဲ ပါးစပ်နဲ့နားမှာ အထူးစွမ်းအားတစ်မျိုးရသွားသလို ခံစားလိုက်ရတယ်။

YOU ARE READING
Training with system to be a god
Adventureကမ္ဘာစစ်ဖြစ်ပြီးတော့ ကမ္ဘာကပျက်စီးစပြုနေပြီ အဏုမြူလက်နက်တွေကြောင့် ပျက်စီးသွားတဲ့ကမ္ဘာကိုကယ်တင်ရန် လူသားလေးတစ်ယောက်က စွမ်းအားရှာခြင်းမှာ system က ကူညီပေးသောအခါ