၁၉၉၅ ခုနှစ်။
လေပြင်းနှင့်အတူသယ်ဆောင်လာသည့်မိုးစက်တို့ ပါရီ၏နက်မှောင်နေသောလမ်းမထက်အလှအယက်ခုန်ဆင်းနေကြသည်။ဟော်တယ်မှန်ပြတင်းထိ ရိုက်ခက်လာသည့်မိုးရည်စက်တွေက စီးကြောင်းနှင့်အတူအောက်သို့လျော့ဆင်းသွားကြသေးသည်။
ကော်ဖီတခွက်နှင့်မအိပ်စက်သေးနိုင်သည်က ဂျောင်ဝန်းပင်။ မှန်ပြတင်းဘေးစားပွဲခုံရှေ့ထိုင်၍ လည်ပတ်ခဲ့ဖူးပြီးဖြစ်သော ပါရီမြို့၏နေရာတစ်ချို့ကို စာအုပ်ထဲမှာချရေးကာ မည်သည့်နေရာက မည်သို့သောစိတ်ဝင်စားဖွယ်အရာများရှိကြောင်းမှတ်စုထုပ်နှုတ်လျက်။
ပါရီကိုအလည်အပတ်ဖြင့်ရောက်လာတာ သုံးပတ်မြောက်ဖြစ်မည်။နေရာတော်တော်များများလည်းစုံနေပြီ။သဘောကျနှစ်သက်သည့်နေရာတွေဆို ထပ်တလဲလဲပြန်သွားဖြစ်ပြီး ဟိုဟိုဒီဒီထိုင်ငေးရတာကိုလည်းသဘောကျသည်။အထူးသဖြင့် ပါရီဘေးလမ်းပလက်ဖောင်းပေါ်ကကော်ဖီဆိုင်ညိုညိုတွေရယ်၊ အီဖယ်တာဝါသို့မျှော်ကြည့်မြင်နိုင်သည့် လမ်းကျဉ်းကျဉ်းတွေရယ်က နှစ်လိုဖွယ်ပင်။ စိန်းမြစ်ရဲ့တနေ့တာအချိန်ကိုမူတည်ပြီးပြောင်းလည်းစေသည့်မြစ်ရေသည်လည်း မိမိစိတ်ကိုပင်ခံစားမှုသုံးမျိုးကိုဖြစ်ပေါ်စေတတ်၏။မနက်ပိုင်းကြည်လင်နေသည့်အချိန်မှာ စိန်းမြစ်ရေဟာ စိမ်းပြာပြာဖြင့် စိတ်ခံစားမှုကလည်း ရှင်းကြည်ရသည်။နေ့ခင်းဘက်အချိန် အီဖယ်တာဝါ၏ကျရောက်လာသည့် အရိပ်အာဝါသကြောင့် စိန်းမြစ်ရေဟာမှုံပြာပြာနက်ရယ်နှင့် လေးနက်တည်ကြည်တဲ့စိတ်ခံစားချက်ပေးစွမ်း၏။ညနေမှောင်ရီစပျိုးပြီဆိုလျှင်ဖြင့် ပါရီ၏မြို့ပြမီးအလင်းရောင်ထိန်ထိန်ညီးရာက စိန်းမြစ်သည်လည်း အညိုရောင်သို့ပေါ်လွင်ကာ vantage ဆန်ဆန်ခပ်ညို့ညို့နှင့် နှလုံးသားအတွင်းလွမ်းဆွတ်တမ်းတဖွယ်။
စာအုပ်အတွင်းချရေးထားသည့် ခပ်သော့သော့လက်ရေးများက ပါရီမြို့၏အလှအပချည်းသာ။ ဂျောင်ဝန်းဆိုသည့်ကျွန်တော်က စာရေးသားနေရတာကိုသဘောကျတတ်သူမို့ ယခုရေးမည့်အကြောင်းကို ပါရီမြို့ကိုနောက်ခံထားဖို့စဉ်းစားမိသည်။ပါရီမြို့သည် 'အချစ်မြို့တော်'လို့တင်စားခေါ်ဝေါ်ထားကြသည်ပဲ ဒီတခါကျွန်တော်ရေးမည့်ဝတ္ထုမှာ မင်းသားနှင့်မင်းသမီးကို ပါရီမြို့လေးမှာဆုံတွေ့ခြင်းဖြင့် ဇာတ်အိမ်ကိုစမည်။ပြီးလျှင် ကျွန်တော်နှစ်သက်သည့် ပါရီအကြောင်းကိုဆောင်းပါးကောင်းတစ်ပုဒ်အဖြစ်လည်း ရေးပါအုံးမည်။ပါရီဟာ သိပ်ကိုလှသည်ပေါ့။
YOU ARE READING
My Main Character
Fanfiction//JayWon// အထီးကျန်ခြင်း၊အသည်းကွဲခြင်းဆိုတဲ့စကားလုံးတွေက ကျွန်တော့်ဆီမှာမရှိပေမယ့် သူနဲ့တွေ့ပြီးနောက်မှာ ကျွန်တော်ခံစားတတ်လာပြီ။