ရေချိုးပြီးထွက်လာသည့်အချိန်ထိ Soo က ပြန်မရောက်သေးချေ ။ အချိန်ကား ည ( 9 ) နာရီပင် ကျော်နေချေပြီ ။ Jen Lotion လိမ်းပြီးနောက် မှန်တင်ခုံပေါ်ရှိ အမှိုက်တွေကို အမှိုက်ပုံးထဲ ပစ်အထည့် ပုံးထဲမှာ လုံးချေ၍ ပစ်ထည့်ထားသည့် စက္ကူကို တွေ့တော့ ကောက်ယူလိုက်သည် ။
" ဘာများပါလိမ့်... Soo ပစ်ထားတာ ဖြစ်မယ်... "
အရင်ကလဲ ဇာတ်ညွှန်းတွေရေးပြီး မကြိုက်ရင် ထိုသို့ အမှိုက်ပုံးထဲ ပစ်ထည့်နေကျပင် ။ ထိုသို့လုပ်တိုင်းလဲ Jen က ကောက်ယူ၍ ဖတ်ကြည့်နေကျဖြစ်သည် ။
အခုလဲ ထိုသို့ပဲထင်ကာ ဇာတ်ညွှန်းစာရွက်ဟု ထင်လိုက်ပေမယ့် တကယ်တမ်း စာရွက်ကို ဖြန့်ကြည့်ချိန်မှာတော့ စာတစ်စောင်ဖြစ်နေသည် ။ ပြီးတော့ ထိုစာက သူမဆီကို ပို့ထားသော စာဖြစ်နေသည် ။ ပို့သူအမည်ကတော့ Chahee ဖြစ်နေပြီး စာကိုဖတ်ကြည့်ပြီးနောက် Jen ထိုင်ခုံကနေ ဆတ်ခနဲထလိုက်သည် ။
အိပ်ခန်းထဲက ထွက်လာသည့် Jen ကိုမြင်တော့
အိမ်တော်ထိန်း Jang က" မမလေး... ဘာအလိုရှိလို့လဲ "
" Soo အိမ်ကို ပြန်လာသေးလား "
" ပြန်လာတယ် မမလေး ၊ မမလေးပြန်မလာခင်ကမှ တစ်ခေါက်ပြန်ထွက်သွားတာ ၊ ကျွန်မတို့ ညစာပြင်ပေးထားရမလား မေးတာကို ပြန်ဖြေမသွားဘူး ၊ အရေးကြီးကိစ္စရှိလို့ ထင်တယ် ။ ပြီးတော့ နည်းနည်းစိတ်တိုနေတဲ့ ပုံပေါ်လို့ ကျွန်မလဲ ဆက်မမေးရဲတော့ဘူး "
Jen အိမ်တော်ထိန်းကို ဘာမှပြန်မပြောတော့ပဲ အိပ်ခန်းထဲ ပြန်ဝင်လာပြီး Soo ဆီကို ဖုန်းခေါ်ကြည့်သည် ။ ဖုန်းဝင်သွားပေမယ့် တစ်ဖက်က လက်ခံဖြေဆိုခြင်းမရှိ ။ Jen ခေါင်းတစ်ခုလုံး ပူထူလာသည် ။
Chahee ဟာ တကယ်ကို ပြဿနာအိုးပင် ၊ သူမတို့နှစ်ယောက်ကြားမှာ အမြဲလိုလို ပြဿနာတွေကို ဖန်တီးပေးတတ်သူ ဖြစ်သည် ။ ဒါပေမယ့် ဒီတစ်ခါကတော့ တကယ်ကို ဆိုးဆိုးဝါးဝါးပင် ။ Soo ဘက်က ဘယ်လိုမှ ခွင့်မလွှတ်ပေးနိုင်အောင် ပြဿနာကို သူ ဖန်တီးလိုက်တာပင် ။...........................................................
တစ်နှစ်ကြာပြီးနောက်
စံအိမ်ခြံဝင်းထဲသို့ မောင်းဝင်လာသည့် အနက်ရောင်ဘင်ကား လေးငါးစီးကို စံအိမ်၏ ခေါင်မိုးထပ်မှ မှန်ပြောင်းနှင့် ကြည့်နေသူတစ်ဦးက လက်ထဲက မှန်ပြောင်းကို အိမ်တော်ထိန်းလက်ထဲသို့ ထိုးပေးလိုက်ကာ