အပိုင်း- ၃၆

2.8K 156 10
                                    


မိုးလင်းကတည်းကပင် ပဲခူးတက္ကသိုလ်၏ ကန်တင်း၌ ကျောင်းသားကျောင်းသူများဖြင့် ပြည့်ကြပ်ကာ စည်ကားနေ၏။

ထိုအထဲ၌ တော်ရာဆိုင်တစ်ခုတွင်ဝင်ကာ ဖျော်ရည်တစ်ခွက်စီနှင့် ဇိမ်ကျနေသည့် အရိပ်တို့လည်းအပါအဝင်ပင်။

" ဟော ရာရာက လိုင်းပေါ်မှာပဲ "

"အင်း ငါလည်းတွေ့တယ် VC ခေါ်လိုက်ကြမယ်လေ "

လွင်ပြင်က ပြောပြောဆိုဆို messenger groupထဲ video callခေါ်လိုက်ချိန်

အရိပ်ကပါ ဝင် joinပြီးမကြာမီ ရာရာနှင့် နံ့သာကပါ ဝင် joinလာပြီးနောက်...

ရာရာတို့က အတန်းထဲ၌ ထိုင်နေကြဟန်ရှိပြီး ရာရာ့ဘေးနား၌ မှန်သားကပါ ပေါ်လာသည်။

" Hello နှစ်ယောက်က ဘယ်လိုဖြစ်နေတာလဲ "

တစ်နေရာတည်း၌ရှိပါလျှက် ကိုယ့်ဖုန်းနှင့်ကိုယ် vc ပြောနေကြသည့် အရိပ်နှင့် လွင်ပြင်အား နံ့သာက လှမ်း၍စနောက်လာသည်။

" ဘယ်လိုမှမဖြစ်ဘူး ငါတို့အချင်းချင်းက ချစ်လိုက်ကြတာမှတုန်လို့ နော် ပိစိ"

" _ီးပဲချစ် "

လွင်ပြင့်တုံ့ပြန်ချက်ကြောင့် အားလုံးရယ်သွားကြသော်လည်း အရိပ်မျက်နှာကတော့ အောင့်သိုးသိုးရယ်...

" ကဲ ကဲ နောက်မှကိုက်ကြပါ ဒါနဲ့ ပြောပါဦး နင်တို့ welcomeပွဲပြီးပြီလား"

" တစ်ချို့မေဂျာတွေတော့ welcome ပြီးသလောက်ပဲဟ အင်း ငါတို့မေဂျာက အဲ ချစ်တေးလေး ဘယ်နေ့..."

" သန်ဘက်ခါ သန်ဘက်ခါ "

မျက်စောင်းတစ်ချက်ထိုးကြည့်လာရင်း ဖြေလာသည့် လွင်ပြင့်အသံက စိတ်မရှည်တော့ဟန်။

ကိုယ့်မေဂျာ welcome dayကိုပင် အရေးထားပုံမရသည့် အရိပ်ကလည်း လက်ဖျားခါချင်စရာပင်။

" အင်း သန်ဘက်ခါတဲ့"

အတူတူပြောနေသည်ကိုပင် ပြန်ပြောပြနေသည့်အရိပ်ကြောင့် မှန်သားတို့မှာ ပြုံးစိစိ။

ခုနက လွင်ပြင်ပြောလိုက်တာပဲကို
ဘယ်သူက မကြားလို့လဲ

" ဒါဆို မရွေးရသေးဘူးပေါ့ ငါ့အစ်ကိုနဲ့ ငါ့သူငယ်ချင်းလေး ဘယ်သူkingမလဲ ဂုဏ်ပြုပေးမလို့ကို "

Cupid's Compass (Completed )Where stories live. Discover now