Unicode
Death Eaters ဂိုဏ်းရုံးချုပ်၏ ရုံးခန်းသည် တိတ်ဆိတ်ငြိမ်သက်လျက်...။
အခန်းထဲတွင် တွန်နဲ့ ဒရေကို နှစ်ဦးတည်းသာရှိနေကြသည်။"တွန်..မင်းအဲ့ကိစ္စ ငါ့ကိုရှင်းပြဖို့လိုနေပြီ.."
"ဘယ်ကိစ္စကိုပြောနေတာလဲ ဒရေကို.."
"မင်းမသိချင်ယောင်ဆောင်မနေနဲ့..မစ္စတာ ဟန်က ငါတို့ဂိုဏ်းက ထွက်သွားတာကြာလှပြီ..ဒီကိစ္စမှာ သူကူညီရတာက အရင်က ဂိုဏ်းက သူ့အပေါ်ရှိခဲ့တဲ့ ကျေးဇူးတွေကြောင့်..အဲ့တာကို မင်းက လွယ်လွယ်လေးနဲ့ လူတစ်ယောက်ကို စတေးလိုက်တယ်.."
ဒရေကို တွန်ရဲ့ မျက်လုံးကို တည့်တည့်ကြည့်ပြီးပြောလိုက်သည်။ သို့သော် တွန်သည် ဘာမှစိတ်လှုပ်ရှားဟန်မရှိ။ ပကတိ ငြိမ်သက်လျက်...။
တွန်ရဲ့စိတ်သည် ဒရေကိုတွေ့ဖူးသမျှလူတွေထဲတွင် ခန့်မှန်းရအခက်ဆုံးဖြစ်သည်။"မင်းဘာတွေပြောနေမှန်းမသိပေမဲ့ မင်းတစ်ခုခုတော့ အထင်မှားနေပြီထင်တယ်..ငါသူ့ကို သေစေချင်တဲ့ရည်ရွယ်ချက်မရှိဖူးဘူး.."
"ဟုတ်ပါတယ်..ဒါပေမဲ့ မင်းသိနေတယ်..ငါအဲ့ကို အချိန်မှီရောက်သည်ဖြစ်စေ..မရောက်သည်ဖြစ်စေ..သူကသေရမှာပဲဆိုတာ..မင်းသိပြီးသားပဲလေ..တစ်ဖက်ဂိုဏ်းက အဲ့ကိစ္စအတွက် အရုပ်စက်ရုံကိုလာမှာလဲ မင်းသိပြီးသားလေ..မင်းကွာ..လူတစ်ယောက်ကို အဲ့လိုပဲ ကစားတတ်တာလား.."
"ငါမင်းကိုရှင်းရှင်းပဲပြောမယ်..ဒါဂိုဏ်းအတွက်..အဲ့ကိစ္စကို မင်းအဖေလဲသိတယ်..အမှန်အတိုင်းပြောရရင်..အဲ့တာ လူကြီးတွေစီစဥ်တဲ့ကိစ္စ.."
"ဘာ! ဒီကိစ္စကို ဒက်ဒီလဲသိတယ် ဟုတ်လား.."
ဒရေကို မယုံနိုင်...။
ဒက်ဒီက ဘာလို့သူ့ကိုမပြောရတာလဲ..။
ဒက်ဒီက အဲ့လိုဘဲ လူတစ်ယောက်ရဲ့အသက်ကို လွယ်လွယ်စွန့်လွှတ်လိုက်တာလား..။"ဟုတ်တယ်..အဲ့ကိစ္စကို မင်းအဖေလဲသိတယ်..ဟယ်ရီအဖေလဲသိတယ်..ပြောရမယ်ဆို..ဒါဂိုဏ်းအတွက်ကောင်းဖို့ပဲလေ.."
"မင်းသိလား..အဲ့ မစ္စတာ ဟန်မှာ သားလေးနှစ်ယောက်ရှိတယ်..အမွှာလေး..အခုမှတစ်နှစ်ကျော်ကျော်ပဲရှိသေးတယ်..မိဘမဲ့ဘဝရောက်သွားပြီ..ကလေးလေးတွေက ချစ်ဖို့ကောင်းတယ်..ဟယ်ရီလိုမြစိမ်းရောင်မျက်ဝန်းလေးတွေနဲ့.."
YOU ARE READING
BFF OR NOT (Drarry ❤)
Fanfictionဟယ်ရီ တစ်ယောက် အချိန်ကိုနောက်ပြန်ဆုတ်ဖို့ ကြိုးစားရာကနေ သူမရင်းနှီးတဲ့နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ ~~ ❤