"တယောညို...ပြေးတော့သမီး...အမေ့တို့ ပေးထားတဲ့ ကတိကို သတိရပါ..သမီးကအမေတို့ရဲ့မျှော်လင့်ချက်ပဲ တယောညို..."
"အမေ................"
"အဖေ....……......"
"တယောညို ကြီးမေတို့သွားမှရတော့မယ်။လာပါသမီးရယ်..."
"အမေတို့ကိုခေါ်ရအုံးမယ်လေကြီးမေရဲ့။တယောအမေတို့ကိုစောင့်အုံးမှာ။တယောအမေတို့ကိုမထားခဲ့ဘူး..."
"သမီးရယ်..အက်လိုမရတာသမီးသိရက်သားနဲ့ကွယ်။သွားရအောင်နော်။သမီးအမေ့ကိုဂတိပေးထားတယ်မဟုတ်လား။လာပါနော်...."
မီးခိုးငွေ့တွေကြား ပျောက်ကွယ်သွားတဲ့ မိဘနှစ်ပါးကိုကြည့်ရင်း တယောညို ခမျာ ရင်ကွဲလုနီးပါးအော်ငိုရင်း ကြီးမေနှင်းဆီမြိုင်နောက်ကိုလိုက်သွားခဲ့ရတယ်။
တယောညိုဟာလမ်းတစ်လျောက်လုံး သူ့ဂတိ ကိုရည်ရွတ်နေလေသည်။
ကြီးမေက လမ်းတစ်ထောက်နားတုန်း...
"တယောညို... သမီးမမောဘူးလား။ရွတ်နေတဲ့ဂတိစကားတွေရပ်လိုက်ပါအုံးသမီးရယ်"
"တယောမရပ်နိုင်ဘူးကြီးမေ။အမေ့ကိုပေးထားတဲ့ဂတိကိုတယောမမေ့အောင်အမြဲရွတ်နေမှာ"
ရွတ်နေလို့အမြဲသတိရတာမှာမဟုတ်တာသမီးရယ်..ရင်ထဲမှာသိမ်းထားမှ သမီးမှတ်မိမှာပေါ့လို့ ကြီးမေနှင်းဆီကပြောလေသည်။
တယောညိုလည်းတခန ငြိမ်သက်ပြီး ခရီးဆက်လေရာ ကြီးမေနှင်းဆီမြိုင် ဆွေမျိုးတွေရှိရှာအရပ်ကိုရောက်ခဲ့လေသည်။
"ဟယ် မနှင်းဆီတို့ရောက်လာကြပီလား ..မတယောညိုလည်းပါသကိုး"
"ဟုတ်တယ်အေ သမီးလေးအတွက်အခန်းလုပ်ပေးထားလား မြစိန်"
"လုပ်ပြီးပါပြီ မနှင်းဆီ"
တယောညိုသည် ခက်ထန်သောမျက်နှာနဲ့နူတ်ဆိတ်နေဆဲပင်...
"အက်တာဆို တယောညို သမီးလေး အပေါ်တက်နားတော့နော်။မြစိန်အခန်းလိုက်ပြလိမ့်မယ်"
တယောညိုကခေါင်းငြိမ့်ပြ၍ဒေါ်မြစိန်လမ်းပြမူနောက်လိုက်သွားလေသည်။
YOU ARE READING
𝚃𝚑𝚎 𝙴𝚗𝚎𝚖𝚢 𝙸𝚜 𝙼𝚢 𝙼𝚒𝚜𝚝𝚛𝚎𝚜𝚜♡︎𓁹
Romanceအမိန့်နာခံသူဆီထံ လက်ထဲဓား သူ့လည်သွား၍ ဖြတ်တောက်ချင်မိ အရှင်မရယ် ချစ်၍မရ မုန်းရခက်၏...။ ညို့မျက်လုံးနဲ့ ချည်နှောင်မိပြန် ရုံးမထွက်နိုင် သူ့ဆီခစား အတိတ်အကြောင်း ပြန်လည်ရောက်တိုင်း သူသည်ငါ့သခင် ညိုရန်သူတည်း။