V1 P5

326 34 0
                                    

Systemဆီက အကူအညီယူမယ့် စိတ်ကူးကိုစွန့်လွှတ်လိုက်ပြီး သူ့ကိုယ်ပိုင်နည်းလမ်းဖြင့်သာရင်ဆိုင်ရန် ပိုင်လျန်ဟွာ ဆုံးဖြတ်လိုက်သည်။

ပထမဆုံးအနေနဲ့ အရေးကြီးဆုံးအချက်က ဝမ်ဖူဘယ်လောက်ထိသိထားလဲဆိုတာ သူမသိဘူး။ ဒီလိုမသေချာတဲ့အချိန်မှာ သူအပြစ်လည်းမပြောနိုင်သလို ဒေါသလည်းမထွက်နိုင်ဘူး။

ပိုင်လျန်ဟွာ သူ့စိတ်ကိုပြန်စုစည်းပြီး ဝမ်ဖူကိုနားမလည်စွာနဲ့စိုက်ကြည့်လိုက်တယ်။ သူမေးလို့မပြီးသေးတာကို ဆက်မေးတယ် "ငါတို့ပြန်တွေ့ကြပြီးတဲ့နောက်မှာတော့ မင်းကငါနားမလည်နိုင်တာတွေကိုပဲပြောနေတယ်။"

သူမျက်မှောင်ကြုံ့လိုက်ပြီး ဝမ်ဖူကိုရှောင်ဖို့နောက်ပြန်ဆုတ်လိုက်ပြီး သူမျက်နှာမှာ ရှုပ်ထွေးမှုတွေ၊ရှက်ရွံ့မှုတွေနဲ့ "ငါမင်းအသံကိုသိပ်သဘောမကျဘူး။ အဲ့ဒါကလူတွေရဲ့စိတ်ကိုမသက်မသာဖြစ်စေတယ်...မင်းကြာပန်းကိုမုန်းနေတာလား။ အဲ့နားမှာ ရေကန်ရှိပေမယ့် အဲ့လိုအမျိုးအစားမျိုးတော့မတွေ့မိဘူး။"

ဝမ်ဖူက သူ့လက်ကို ပုံမှန်အတိုင်းကိုင်လိုက်ပြီး သူ့လက်ဖဝါးကိုကြည့်ပြီး ပေါ့ပါးတဲ့လေသံနဲ့ "မဟုတ်ပါဘူး။ မင်းမှားနေပြီ ကိုယ်ကကြာပန်းကိုကြိုက်ပါတယ်။" အထူးသဖြင့် ပိုင်လျန်ဟွာကိုပေါ့။

ဂရုတစိုက်နဲ့သရုပ်ဆောင်နေတဲ့ ပိုင်လျန်ဟွာဟာ နှလုံးတုန်ပြီး ဝမ်ဖူကိုစိုက်ကြည့်လိုက်ပေမယ့် သူ့စကားရဲ့တိကျတဲ့အဓိပ္ပာယ်ကို သေချာမသိဘဲ တွေးစရာတွေအရမ်းများနေပါစေလို့ပဲ စိတ်ရင်းမှန်နဲ့ဆုတောင်းနေရတယ်။

"မင်းအခုနတ်ဆိုးဖြစ်နေပြီလား?"

"ဘာလို့လဲ မင်းကြောက်လို့လား?" ဝမ်ဖူသူ့ကိုအဓိပ္ပာယ်ရှိစွာနဲ့ကြည့်လိုက်တယ်။

"မဟုတ်ပါဘူး။ နည်းနည်းလေးနှမြောနေတာပါ။" ပိုင်လျန်ဟွာ သူ့ရဲ့ဆုံးရှုံးမှုကိုမဖုံးကွယ်နိုင်ပေ။ "မင်းအခုအရမ်းအစွမ်းထက်နေပြီထင်တယ်..."

"ငါကမှန်ကန်တဲ့လမ်းကိုလျှောက်နေတဲ့ လူကောင်းတစ်ယောက်လို့ မင်းထင်နေသေးတာလား?" ဝမ်ဖူနောက်စကားထပ်ပြောလိုက်တော့ ပိုင်လျန်ဟွာ ခေါင်းငြိမ့်ပြလိုက်တယ်။

လရောင်ဖြူလေးမ‌ဖြစ်ချင်တဲ့ကြာပန်းဖြူhostကကောင်းတဲ့hostမဖြစ်နိုင်ဘူး (System)Where stories live. Discover now