V1 P4

409 58 1
                                    

Translator - @PhyuSin809

Unicode

ဝမ်ဖူ သူ့လက်ကောက်ဝတ်ကိုလှမ်းကိုင်လိုက်တဲ့အခါ အရင်က ဝမ်ဖူမဟုတ်တော့ဘူးလို့ အလိုလိုခံစားလိုက်ရတယ်။ အရင်က ဝမ်ဖူနဲ့အတူတူနေရင်ဖိအားမရှိပေမယ့် အခု ဝမ်ဖူရဲ့ကျင့်ကြံရေးအရှိန်အဝါက အရင်ကထက် အာရုံခံစားမှုပိုကောင်းလာတယ်လို့ ထင်ရတယ်။ ပိုင်လျန်ဟွာ သူ့အရှိန်အဝါနဲ့ ဖိနှိပ်ခံနေရသလိုပဲ။ သူသတိထားနေမှရမယ်။

ဟုတ်တာပေါ့။ အဆိုးဆုံးကတော့ ဝမ်ဖူက ဘာအမူအရာကိုမှမပြတာကိုပဲ။

ဒါကမသိရင် ပိုင်လျန်ဟွာက ဝမ်ဖူဆီမှာ ဝိညာဉ်ကျောက်တုံးတစ်ထောင်လောက်အကြွေးတင်နေသလို ခံစားရတယ်။

"System, အခုဝမ်ဖူရဲ့ကျင့်ကြံဆင့်ကဘယ်လောက်လဲ?"

"အနည်းဆုံး တချန်အဆင့်" သေချင်ယောင်ဆောင်နေတဲ့ systemဟာ ဒီအချိန်မှာတော့  ပြန်ဖြေခဲ့တယ်။

ပိုင်လျန်ဟွာရဲ့နှလုံးသားလေးတုန်လှုပ်သွားတယ်။ ဘုရားရေ...တချန်အဆင့်။ ဒါက ကျင့်ကြံရေးလောကမှာအမြင့်ဆုံးအဆင့်ပဲ။ ကျင့်ကြံသူအနည်းငယ်လောက်ပဲ တူကျဲ့အဆင့်ကိုရောက်နိုင်တယ်။

ငါဒီကမ္ဘာကနေထွက်သွားတုန်းက ဝမ်ဖူက ယွမ်ယင်အဆင့်ပဲရှိသေးတယ်။  ငါထွက်သွားတာ ဘယ်လောက်တောင်ကြာပြီလဲ?

ဒါပေမယ့်  ထွက်သွားတာဘယ်လောက်ကြာပြီဆိုတာ အရေးကြီးတာမဟုတ်ဘူး။ ပိုင်လျန်ဟွာ ဘယ်ရောညာရောစဉ်းစားပေမယ့် ဝမ်ဖူကို ဘယ်လိုတောင်းပန်ရမယ်ဆိုတာ မသိသေးဘူး။ တခြားကမ္ဘာက ဗီလိန်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဝမ်ဖူက လုံးဝကို ကွဲပြားတဲ့ VIPပဲ။

အကြာကြီးပျောက်သွားပြီးပြီဆိုတော့ အားနည်းတဲ့ ကြာပန်းဖြူအဖြစ်ပြန်သရုပ်ဆောင်ရင်ကောင်းမလား? ဝမ်ဖူရဲ့ပုံစံအရ သူသာအရင် ပိုင်လျန်လို သနားစရာလေးဆိုရင် အခုအချိန် သူ့မျက်လုံးထဲကနေ မျက်ရည်ညှစ်ထုတ်သင့်တယ်ထင်တယ်။

ပိုင်လျန်ဟွာ သူ့လက်ကောက်ဝတ်ကို လွတ်အောင်ကြိုးစားရုန်းတော့ ဝမ်ဖူက အခုလွှတ်လိုက်ရင် သူပျောက်ကွယ်သွားမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လက်ကိုပိုပြီးတင်းကျပ်အောင်ဆုပ်ကိုင်ထားတယ်။

လရောင်ဖြူလေးမ‌ဖြစ်ချင်တဲ့ကြာပန်းဖြူhostကကောင်းတဲ့hostမဖြစ်နိုင်ဘူး (System)Where stories live. Discover now