Cigarettes~
သူမကြိုက်တဲ့ထိုအရာ
ကိုယ်ကသေလောက်အောင်ကြိုက်သော်လည်း အိမ်မှာကျန်ခဲ့တဲ့ ယုန်ပေါက်ကမကြိုက်
စီးကရက် တစ်လိပ်ကို ပေါ်တင်သောက်ခဲ့ရတဲ့ အချိန်ဆို လွန်ခဲ့တဲ့ နှစ်နှစ်ကဖြစ်ခဲ့မယ်ထင်
အဲ့နောက်ပိုင်းတော့ အိမ်ကယုန်ပေါက်ကြောင့် ခိုးကြောင်ခိုးဝှက်သာသောက်ရတော့သည်အထိ
'ဟေး တပ်သားကင်'
'ဗျ'
ကြားဖူးနေကြအသံမလို့ အလေးပြုရန်တွေထွေထွေထူးထူးပြင်မနေတော့
သူလိုကိုယ်လို တပ်သားတွေပဲမလို့
'ဘာတွေထိုင်တွေးနေတာတုန်းဗျ'
'ဒီလိုပါဘဲဗျာ ဟိုတွေးဒီတွေးပေါ့'
'ကျန်ခဲ့တဲ့ ရည်းစားအကြောင်းတွေးနေတာမလား'
'..'
ဘာမှပြန်မဆိုမိတော့ဘဲ နေဝင်လုဆဲဆဲဖြစ်နေတဲ့ကောင်းကင်ကို ရှင်းလင်းစွာကြည့်နိုင်အောင် သဲတွေပေါ်မှာပဲ လက်ကိုခေါင်းအုံးလုပ်ကာ လှဲအိပ်ချလိုက်သည်။
အိမ်က ယုန်ပေါက်ကော ဒီချိန်ဆို ဘာတွေလုပ်နေမတဲ့လဲ
အတန်ကြာတော့ ဘေးနားက တပ်သားဆွန်ကပါ လှဲအိပ်လာသည်။
'ဒီတော့ သူကချောလား'
'ချစ်ဖို့တော့ကောင်းတယ် တခါတခါမုန်းဖို့လည်းသိပ်ကောင်းတယ်ဗျ'
ပြောလိုက်တော့ ဘေးက တပ်သားဆွန်က ဘာတွေသဘောကျသွားလဲမသိ နှစ်ခြိုက်စွာရယ်နေသေးသည်။
'အသက်ကကောတူတူပဲလား'
'သူက ကျွန့်တော်ထက် ငယ်တယ်ဗျ'
'ကျွန်တော့်ရဲ့ရွာမှာ ကျန်ခဲ့တဲ့လူက ကျွန်တော့်ထက်ကြီးတယ် သူနဲ့ကျွန်တော်က လက်ထပ်ထားတာလေ ခုတော့ အမေတို့နဲ့အတူကျန်ခဲ့တယ် သူ့မိဘတွေလည်းမရှိကြတော့ဘူး'
'ဒီစစ်ပွဲကြီးပြီးသွားတဲ့အခါကျ ကျိန်းသေပျော်ရွှင်ကြရမှာပါဗျာ'
'ထင်ရတာပါပဲ'
ပြောပြီးတော့ တပ်သားဆွန်က သက်ပြင်းရှည်တချက်ချသည်။
YOU ARE READING
The Last Cigarette
Fanfiction'စစ်ကြီးပြီးလို့ အိမ်ပြန်ကြတဲ့အခါ ကျွန်တော့်ကင်မ်ရယ် ခင်ဗျားရဲ့ကလေးရယ်နဲ့အတူတူပြန်ဆုံချင်ပါရဲ့' 'ဆုံဖို့မျှော်လင့်ပါတယ်'