လေပြေနမ်းရှိုက်တဲ့မမရဲ့အသက်ရှူသံလေး
အပိုင်း(1)
"သူမဘယ်မှာလဲ "
"ဒီနေ့က သူမရဲ့နားရက်လေ ဘယ်ကိုလိုက်ရှာနေတာလဲ ဘာဖြစ်လို့လဲ "
"Demon's entertainmentက စာချုပ်ဖောက်ဖျက်မူ့နဲ့တရားစွဲလာတယ် "
"ဒါ ဒါက ...... ကောင်းပြီ ခနနေဦး ဖုန်းခေါ်ကြည့်လိုက်ဦးမယ် သူမ ကိုင်တာ မကိုင်တာကတော့ ဘုရားကဂရုဏာထားတဲ့အတိုင်းပေါ့"
အတွင်းရေးမှူးက ရင်းနှီးနေကျဖုန်းနံပါတ်ကိုရိုက်ခေါ်လိုက်တယ်
"တီ တီ တီ "
ဝင်ပေမဲ့ မကိုင်ဘူး
"မကိုင်ဘူး "
"ဒါဆိုဘယ်လိုလုပ်ကြမလဲ "
"မနက်ဖြန်ကိုထပ်ချိန်းလိုက် အဲ့လိုမှမရရင် သူမရဲ့ဖုန်းနံပါတ်ကိုပေးလိုက် "
"ဖြစ် ဖြစ်ပါ့မလား"
"ဘာကိုမဖြစ်ရမှာလဲ သူမကိုသာထပ်ခေါ်နေမယ်ဆိုရင် သူမရဲ့ဒေါသကိုငါလဲမခံနိုင်ဘူး မင်းရော ခံနိုင်လား "
"ဟင့်အင်း"
"သွားတော့ "
"အာ "
"ဘာကြည့်နေတာလဲ သွားတော့လို့"
"ကောင်း ကောင်းပါပြီ"
အတွင်းရေးမှူးတစ်ယောက်ဖြစ်တဲ့ဝူလင်းယန် သူ့ရဲ့မျက်မှန်ကိုပင့်လိုက်ကာ ပြန်လှည့်သွားခဲ့တယ်
ဘယ်သူသိမှာလဲ နှလုံးသားမရှိတဲ့အဲ့စုန်းမလေးက ဘယ်မှာသွားပျော်နေလဲဆိုတာ
"ဟူးးးးး "
.......
Aမြို့တော်ရဲ့ဈေးဟာ ဆယ့်နှစ်လေးနာရီပတ်လုံးစည်ကားနေတာဖြစ်ပြီး ဆယ့်နှစ်ရာသီလုံးဈေးရောင်းကြတဲ့ဆယ့်နှစ်ရာသီဈေးပွဲတန်းအဖြစ်ထင်ရှားတယ်
စားသောက်တန်းမှာ စားချင်တာအကုန်ရှိပြီး ကမ္ဘာတလွှားကအစားအသောက်ချစ်သူတွေအတွက်နိုင်ငံမျိုးစုံက အစားအသောက်တွေကိုလဲ ဒီနေရာမှာရနိုင်တယ်
အဝတ်တန်းမှာ အဝတ်အစုံရှိတယ် ယွမ်တရာကနေစပြီး ဈေးအကြီးဆုံးပစ္စည်းတွေအဝတ်တွေအထိ ဒီဇိုင်နာအထည်တွေတောင်ပေါ်လာတတ်တာမို့ ဒီနေရာကပိုလို့ကျော်ကြားလာရတာပဲ

YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...