အပိုင်း ၄၄

4.1K 575 46
                                    

Unicode

  
ယုံးဝူမင့်က လက်ယက်ခေါ်လိုက်၏။
  
သွမ်မင့်က တင်ပါးကို ဘယ်ညာ ယမ်းခါရင်းသူ့အနားရောက်လာလေသည်။
  
အနက်ရောင်ဓါးကြီးကို သူ့(သွမ်မင့်)ဗိုက်အောက်မှာ ချိတ်ဆွဲထား၏။ ယုံးဝူမင့်က ဓါးကိုလေးတိလေးကန်ဖြင့်ယူကာ လက်တစ်ဖက်ဖြင့် ဓါးရိုးကိုကိုင်ရင်း ကျန်တစ်ဖက်ဖြင့် ဓါးအိမ်ကို အသာအယာပွတ်သပ်လိုက်လေသည်။
  
ဟန်ရှောင်လင်၏ လူတွေက ဖြစ်လာနိုင်သမျှအန္တရယ်တို့ကို ကာကွယ်ရန် ချက်ချင်းပင် သတိအနေအထားဖြစ်သွားကြသည်။ သူတို့က စက်ဝိုင်းအသေးစားသဏ္ဍာန် ဝိုင်းရံကာ အောက်ကျနေသော ကြိုးကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေလိုက်ကြသည်။
  
ယုံးဝူမင့်က ကြိုးကို တစ်ချက်တည်း ခုတ်ချလိုက်မှာကို ကြောက်နေကြခြင်းပင်။
  
ယုံးဝူမင့်က ဓါးကို ကျောမှာ လွယ်လိုက်၏။
  
သူက စန်းယွမ်ယွမ်၏ပခုံးကို ဖြစ်သလို ဆုပ်ကိုင်ရင်း သူရဲခိုနေရာသို့ ပြန်တွန်းပို့လိုက်ပြန်သည်။ နောက် သူမနားနားမှာကပ်၍ တိုးတိုးဆိုလာ၏။

"သူက တခြားလူကိုကယ်ဖို့သွားပြီ။ မင်းဝမ်းနည်းနေလား"
  
ဒါ မေးခွန်းလာအစ်နေတာပဲ။
  
စန်းယွမ်ယွမ်က သူ့ကိုတစ်ချက်ကြည့်ရင်း တိုးတိုးပြန်ဖြေလိုက်၏။

"အလှလေးကို ကယ်တင်တဲ့ သူရဲကောင်းက ရှင်မှမဟုတ်ဘဲ။ ကျွန်မကဘာလို့ ဝမ်းနည်းရမှာလဲ"
  
ယုံးဝူမင့်က ပခုံးတွန့်ရင်း သူမခေါင်းကို တခြားဘက်သို့လှည့်ပစ်ကာ သူ့ဟာသူရေရွတ်သည်။

"ကြောက်စရာကောင်းလိုက်တဲ့ အလှလေးထောင်ခြောက်ပဲ။ ငါတော့ အနှေးနဲ့အမြန် အသတ်ခံရတော့မှာပဲ"
  
သူမပခုံးကို သိုင်းဖက်ထားသော လက်ကြီးကြီးက မြန်ဆန်စွာ အောက်လျောလာကာ သူမ၏ ခါးပတ်ကို ဆုပ်ကိုင်လိုက်လေ၏။
  
စန်းယွမ်ယွမ်သည် ထိုသူက သူမကို အောက်ပစ်ချင်နေတာလားဟု တွေးမိသွားကာ လက်နောက်ပြန်ဖြင့် သူ့ခါးပတ်ကို အမြန်ဆွဲပစ်လိုက်တော့သည်။
  
သူမ သူ့ကို စူးစူးရဲရဲပြန်စိုက်ကြည့်လိုက်တော့ သူ့မျက်လုံးနှင့်မျက်ခုံးတွေက ကွေးညွတ်ကာ အပြုံးတွေက တောက်ပနေတာကို တွေ့လိုက်ရလေသည်။သိမ်မွေ့ကာ ပါးလျသော နီရဲရဲနှုတ်ခမ်းသားတို့အောက်ကနေ အနည်းငယ်ချွန်နေသည့် သွားဖြူဖြူတို့ပင် ပေါ်နေလျက်သား။
  
သူက ဆိုသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now