မနက်စောစောအချိန်မှာပင် ခန်းမကြီးအတွင်း လူအချို့ ဥဒဟိုသွားလာလှုပ်ရှားနေလျှက်...အကြောင်းကတော့ မနက်ဖြန်ကျင်းပမည့် အင်္ဂလိပ်မေဂျာ၏ welcomeအတွက်ပင်။
အကျွေးအမွေးအတွက် စားသောက်ဆိုင်မှ မှာထား၍ တစ်မျိုးအေးသော်လည်း ပွဲနေရာကိုတော့ ပြင်ဆင်ရဦးမည်ဖြစ်သည်။
လွင်ပြင်ကိုယ်တိုင်လည်း ကိုယ့်မေဂျာဝဲလ်ကမ်းမို့ သူလည်းတက်အားသမျှ ကူညီရန် ခန်းမဆီရောက်ရှိနေပါလေ၏။
ခုံများကို မသယ်နေသူများရှိနေသဖြင့် ကိုယ်လေးကိုကျုံ့ကာအလိုက်တသိ ရှောင်ဖယ်၍ ခန်းမအတွင်းထဲ ခုံများထပ်ထားရာနေရာအထိ လွင်ပြင်ဝင်ရောက်သွားလိုက်သည်။
အရေးထဲမှ ဝတ်ထားသည့်ပုဆိုးပြာပြာလေးကတုတ်နေ၍ မနည်းကြီးသတိထားကာ သွားနေရလေသည်။
" ဟေ့ သားလာတာ အတော်ပဲ မင်း စာလုံးဖောက်တတ်တယ်မလား"
ပန်းချီဌာနမှ ဆရာဦးသန့်စင်က လွင်ပြင်ကိုမြင်တော့ ဝမ်းသာအယ်လဲဆိုလာ၏။
အမှန်တကယ်လည်း ပန်းချီဝါသနာပါလွန်းသူမှန်သားကြောင့် လွင်ပြင်ပါ စာလုံးဖောက်နည်းကို တက်ကျွမ်းထားလေသည်။
ပန်းချီအသင်းဝင်သည့်နေ့ကတည်းက လွင်ပြင် စာလုံးဖောက်တတ်ကြောင်းကို ဆရာကြီးက အမှတ်မထင်သိထားလေ၏။
ပန်းချီအသင်း
ပန်းချီအသင်းဟုဆိုမှ အမှန်တော့ လွင်ပြင်တစ်ယောက် ပန်းချီအသင်းဝင်ရန် ဆန္ဒမရှိခဲ့။တကယ်တမ်း သူဝင်ချင်ခဲ့သည်က ဂီတအသင်း
သို့သော် နာမည်စာရင်းပေးသည့်နေ့မှပင် အဖျက်ကဝင်လာ၏။အဖျက်ဆိုသည်က အခြားဟုတ်ရိုးလား
အေးအရိပ်ပင်။" ဂီတအသင်းထဲ ဘာလို့ဝင်မှာလဲ မဝင်စမ်းပါနဲ့ နားငြီးရုံကလွဲပြီး ဘာမှမကောင်းဘူး "
ခပ်ပြတ်ပြတ်တားလာသည်မှာ စာရင်းလာကောက်သည့် စီနီယာများ မျက်နှာကိုပင်မထောက်
" ငါ ဝါသနာပါလို့လေ ဘာဖြစ်လဲ ဒါအနုပညာဟ"
လွင်ပြင် ပြန်ချေပသည့်အခါတွင်လည်း...
YOU ARE READING
Cupid's Compass (Completed )
RomanceCover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူး ရူပဗေဒ သဘောတရားတွေနဲ့ ကန့်သတ်နေရအောင် Loveက magnetမှမဟုတ်တာ အချစ်လား ရေလို ထည့်တဲ့ပုံစံခွက်အတိုင်း...