𝟤𝟫

889 104 15
                                    

𝖴𝗇𝗂𝖼𝗈𝖽𝖾

Bible~

"မောင့်ကို သက်ဆုံးတိုင်ထိချစ်ပေးလို့ရမလား"

"မောင့်ကိုဒီထက်ပိုပြီးချစ်ပေးနိုင်မလား"

"မောင့်ကို လက်ထပ်ပေးနိုင်မလား...မဟုတ်ဘူး လက်ထပ်ပေးလို့ရမလား"

မောင်ရှေ့လှမ်းလာတိုင်း နောက်ဆုတ်မသွားလို့ ကျေးဇူးတင်ပါတယ်။ မောင့်ရင်ခုန်သံနှင့်Buildရဲ့ ရင်ခုန်သံဟာ ထပ်တူကျနေပြီးသားဘဲ။ဖြစ်လာမယ့်အရာတွေက လွယ်ကူတော့မှာပါ။Buildဆိုတဲ့ အဓိပ္ပာယ်က ဘာလဲလို့မေးရင် မောင့်ချစ်ရသူလို့ဖြေမိမှာ။ Build ကို Bibleဆိုတဲ့ အဓိပ္ပာယ်ကိုမေးရင် ကျမ်းစာအုပ်တော့ မဖြေလောက်ဘူးမလား။စစတွေ့တုန်းက နာမည်မမှတ်မိမှာစိုးလို့ ကျမ်းစာအုပ်ကို သတိရလိုက်လို့ ပြောခဲ့သေးတာကိုး။

Buildက မောင့်ကို ဘယ်သောအခါမှ စိတ်ပျက်အောင်မလုပ်ဘူး၊ဝမ်းနည်အောင်မလုပ်ဘူး၊အမြဲစိတ်ချမ်းသာစေတဲ့ တဦးတည်းသော သက်ရှိိလူသားဘဲ။အိမ်ရှေ့က မြက်ခင်းပြင်ပေါ်မှာဘဲ ကြယ်တွေကို ငေးကြည့်ရင်း ရုတ်တရက်ဆန်ဆန် လက်ထပ်ခွင့်တောင်းခြင်းဘဲ။ မထင်မှတ်ထားတဲ့အခြေနေကြောင့် Buildရဲ့မျက်ဝန်းတွေထဲမှာ ကျိန်းသေပေါက် အံ့ဩမှုအပေါင်းတွေရှိနေမှာပေါ့။

ည၁၂ကျော်ပြီဖြစ်လို့ ခုနစ်စဉ်ကြယ်ကိုရေးရေးလေးတွေ့နေရလောက်ပြီ။ဒါ ငါတို့ရဲ့ မင်္ဂလာရှိချိန်ကို ဂုဏ်ပြုပေးဖို့ အချိန်ကိုက်ထွက်လာတာဘဲဖြစ်ရမယ်။

"မင်း..မင်း အရမ်းမစောလွန်းဘူးလား.."

မျက်ရည်ဥတွေ မသိမသာတွဲခိုနေတော့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး မယုံနိုင်တဲ့လေသံနဲ့ မေးတယ်။

"Build..ဒီမှာ မောင့်ကိုကြည့်စမ်း"

"မောင် အကြာကြီး မစောင့်နိုင်ဘူးဗျ၊မောင်က Buildရဲ့ အပ်ိုင်ဖြစ်ချင်နေပြီ"

"မင်းက ငါ့ကို လက်ထပ်ဖို့ရည်ရွယ်ချက်ရှိလို့ အစတည်းက တွဲခဲ့တာပေါ့"

ဒီစကားမှာတော့ ငိုသံခပ်ရေးရေးပါလာတော့ ငါပြုံးလိုက်မိတယ်။

Memories [𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now