"အဲ့ဒီလောက်မှ မင်းသူငယ်ချင်းတွေက
အရေးကြီးနေရင် မင်းငါ့ဆီပြန်မလာဘဲ
တစ်ခါထဲ သူတို့နဲ့ပဲ အတူ
နေလိုက်တော့ အိုဆယ်ဟွန်း""ကိုကို.. အဲ့ဒီလိုမဟုတ်ပါဘူးဆိုဗျာ.."
မနေ့ညက အလွန်အကျွံသောက်ထားသည့်
အရက်အရှိန်ကြောင့်
Hung over ဖြစ်နေသည့်ကြားမှပင် ဆယ်ဟွန်း ပြောနေမိသည်။ ဖုန်းထဲမှကြားနေရသည့်
ဂျုံအင့်အသံကလည်း ဒေါသထွက်နေသည်မှာ
သိသိသာသာ။"ငါလေ မင်းကို တကယ်စိတ်ကုန်လာပြီ။
ရည်းစားဘဝကရော အခုထိရော
မင်းကငါ့ကို စိတ်ဒုက္ခတွေပဲပေးတယ်""Anniversary ကိုမေ့တာ မဟုတ်ဘူး ကိုကို
ကျွန်တော်တကယ် အမှီပြန်လာဖို့ လုပ်တယ် ။
ဒါပေမဲ့ ..မနေ့ညက လူစုံတော့ သောက်တာများသွားပြီး အခု လုံးဝနေလို့မကောင်းဖြစ်နေတာ။
ပြီးတော့ ကားကလည်း ဘယ်သူယူသွားလဲ
မသိဘူး ကျွန်တော် ပြန်လာစရာကားမရှိဘူး""Anniversary မှမဟုတ်ဘူး ။
ငါ့မွေးနေ့ ၊ မင်းမွေးနေ့ ၊ ငါတို့အတူရှိသင့်တဲ့
နေ့ရက်တွေတိုင်းမှာ မင်းဘယ်တုန်းက
တလေးတစား
ရှိခဲ့ဖူးလဲ ။ အမြဲတမ်း ငါကမင်းရဲ့နောက်ဆုံးမှာ
ရှိနေခဲ့တာ..မင်းကငါ့ကို
ခပ်ပေါ့ပေါ့ပဲ ဆက်ဆံနေတာ""ကျွန်တော်တကယ် တောင်းပန်ပါတယ်လို့
ခင်ဗျားကို တကယ်တောင်းပန်ပါတယ်ဆိုဗျာ..
မနက်ဖြန်ပြန်လာခဲ့ပါ့မယ်..""Anniversary က ဒီနေ့လို့ ငါပြောနေတယ်
အိုဆယ်ဟွန်း""ကိုကို! ခင်ဗျား ကျွန်တော့်ကို
စိတ်ရှုပ်အောင် လာမလုပ်နဲ့ဗျာ!!!"ဆယ်ဟွန်း မထင်မှတ်ဘဲ အသံမာပစ်မိသွား၏။
ခေါင်းက တဆစ်ဆစ်ကိုက်နေသည့်
အတွက်ကြောင့် ဒေါသတို့က ထိန်းချုပ်၍
မရနိုင်စွာထွက်လာရသည်မှာအမှန်။ထိုအခါ ဂျုံအင့်ဘက်မှ
တိတ်ဆိတ်သွားခဲ့လေသည်။မိနစ်အချို့ကြာပြီးသွားပါမှ..
ဆယ်ဟွန်း သက်ပြင်းတစ်ချက်ရှိုက်လိုက်မိပြီး..
"ကိုကို.."