အပိုင်း(39)uni&zgi

707 38 1
                                    

🌿The Lengend of the blue sea

အပိုင်း(39) ဘူးပေါ်သလိုပေါ်သွားကြခြင်း

ဒီတစ်ယောက်က ဈေးအလယ်က ရှက်ကိုးရှက်ကန်းမိန်းမပျိုလေးမဟုတ်တော့ပဲ လေးထောင့်ဆန်တဲ့မေးရိုးတွေနဲ့ ယောကျာ်းတစ်ယောက်ဖြစ်လာခဲ့လေတယ်

ဆံနွယ်ဖြူတွေကပြာသွားပြီး ရှည်လျှားတဲ့နားရွက်ချွန်ချွန်လေးတွေမှာ ရေယက်လေးတွေပေါ်လာခဲ့တယ်

လည်ပင်းမှာ လှပတဲ့အကြေးခွံတချို့ကလဲ ထိန်းမနိုင်သိမ်းမရပေါ်ပေါက်လာတော့တာပေါ့

ပေ့ထန် ။ ။".........."

ရေဘုရင်က သူ့ရဲ့ယောကျာ်းဆန်တဲ့အရှိန်အဝါကို အပြည့်အဝထုတ်ပြလိုက်ပြီးနောက် ပေ့ထန်ကို သူ့ရဲ့လက်ဆွဲတော်ဓားနဲ့ချိန်ရွယ်ထားလိုက်တယ်

ပေ့ထန် ။ ။"........"

အဲ့တော့ သူက‌ ယောကျာ်းလေးပေါ့ မိန်းကလေးအဖြစ် တချိန်လုံးဟန်ဆောင်နေခဲ့တာပေါ့

ဘာလို့လဲ

"ဘာလို့လဲ "

ယောကျာ်းလေးပုံစံနဲ့ချဉ်းကပ်လာတာ သူ့ဆီက တခုခုလိုချင်နေလို့ပဲ မဟုတ်ဘူးလား

ရေဘုရင်က သူ့ရဲ့ဓားကိုချိန်ရွယ်ထားရင်းမှ နှုတ်ဆိတ်နေခဲ့တယ်

ရေဘုရင်ရဲ့နောက်က ရီနာနာ နှုတ်ခမ်းထောင့်တွေတွန့်သွားခဲ့တယ်

သူမရဲ့လက်စားချေခြင်းမှာ ရေဘုရင်က ကြားခံဖြစ်လာခဲ့တာပဲ

အမှန်ဆို ရေဘုရင်နဲ့ပေ့ထန် ဘာရန်ငြိုးမှမရှိတာ

သူတို့တိုက်ခိုက်လာခဲ့တဲ့လူဝကြီးက စိတ်ပျက်သလို ဖြစ်သွားပြီးနောက်

"ဟီးဟီး ငါက နတ်သူငယ်မျိုးနွယ်စူကို ဒီလောက်လွယ်လွယ်နဲ့မျက်စိရှေ့ရောက်လာလို့ အံဩနေတာ ရေမျိုးနွယ်စုဖြစ်နေတာပဲ ကိစ္စမရှိဘူး ကိစ္စမရှိဘူး နတ်သူငယ်မဟုတ်လဲ ရေမျိုးနွယ်စုကို တခါမှ မစမ်းသပ်ဖူးသေးဘူး ရောင်းရင်းကြီး ! ! !  ဖမ်းးးးးးး  "

ဝတုတ်ဆေးဆရာနဲ့ ပေ့ထန်ရဲ့ဆရာတို့ နှစ်ယောက်လုံးက ရီနာနာနဲ့ရေဘုရင်ကိုလိုက်ဖမ်းတော့တယ်

(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) NormalTahanan ng mga kuwento. Tumuklas ngayon