ကော်ဖီဆိုင်ထဲရှိကောင်လေးနှစ်ယောက်မှာထိုင်နေတာအတော်ကြာပြီဖြစ်သော်လည်းစကားမပြောကြ။
တစ်ယောက်ကတော့ဖုန်းကြည့်နေတဲ့ကောင်လေးရဲ့လှုပ်ရှားပုံအဆင့်ဆင့်ကိုအသေးစိတ်လိုက်ကြည့်နေသော်ငြား၊
ကျန်တစ်ယောက်မှာတော့ဖုန်းကလွဲပြီးဘယ်မှာမှအာရုံရောက်မနေခဲ့။
"မောင်...."
"ပြောလေ"
"ဒီနေ့...ဘာနေ့လဲသိလား"
"ကင်မ်ထယ်ယောင်း...ဒါလေးမေးဖို့ဒီကိုချိန်းလိုက်တာလား...ငါ့အချိန်တွေကမင်းအတွက်တော်တော်လေးကိုအပေါစားဆန်နေတာလား"
"မ..မဟုတ်ပါဘူး...မောင်...ယောင်းက...အဟင့်..."
"တစ်ခုခုဆိူငိုဖို့ပဲသိတယ်..အဲ့သောက်မျက်ရည်တွေကိုသုတ်လိုက်စမ်း...ကျက်သရေမရှိ...စိတ်ပျက်ဖို့ကောင်းတယ်"
ကလေးသဖွယ်ငိုနေတဲ့ကောင်လေးမှာချစ်စရာအတိဖြစ်သော်လည်း...သူ့မျက်လုံးထဲတွင်တော့စိတ်ပျက်ဖို့ကောင်းလွန်းသည်။
တစ်ကျောင်းလုံးမှာ..သူ့ကိုကျော်ပြီးစတုတ္ထနှစ်ကျောင်းပြောင်းလာတဲ့စီနီယာကင်မ်ထယ်ယောင်းဆိုပြီးနာမည်ကြီးလာလို့ကြည့်လိုက်တော့နို့နံ့တောင်မစင်သေးတဲ့လူကြီးပေါက်စတဲ့လား။
အပျင်းပြေလေးဆော့ကစားကြည့်တော့၊
"ချစ်တယ်..မောင်"တဲ့.....အိုးဟိုး....သိပ်လွယ်ချက်ပဲ
သာမန်ပဲဆိုတာသာသိရင်ဆော့ဖို့မရွေးချယ်ခဲ့ပါဘူး...ပျင်းစရာကောင်းတယ်"မောင်...ဒီနေ့...2months ani လေ..အဲ့တာ..."
"အဲ့တော့ဘာဆက်ဖြစ်လဲ"
"မောင်သွားစရာရှိလားဟင်"
"အွန်း...ဆိုယွန်းနဲ့ချီန်းထားတယ်"
"ဪ...."
စိတ်ဆိုးချင်တယ်မောင်...အကျယ်ကြီးအော်ပြစ်ချင်တယ်...ဒါပေမဲ့.ဒီဆက်ဆံရေးလေးကိုယောင်းလုံးဝအပွန်းအပဲ့မခံနိုင်လို့။
မောင့်အပေါ်မှာယောင်းအတ္တကြီးပါရစေ။
ချစ်သူရည်းစားဖြစ်နေလင့်ငြား....ကောင်လေးနှစ်ယောက်မှာပြောစရာစကားမရှိသကဲ့သို့ငြိမ်ကျသွားပြန်လေသည်။