အပိုင်း- ၃၈

2.8K 171 7
                                    


" ညဘက်ထွက်တဲ့ ကြယ်တွေကိုသာ မရေတွက်နိုင်ဘူးထင်နေတာ ဆေးကျောင်းက စာမေးပွဲပေါင်းကလည်း မရေတွက်နိုင်ဘူးပဲ "

ရာရာက ဂျူတီကုတ်ကိုပင် မချွတ်နိုင်ဘဲ ခုတင်ပေါ် ခြေပစ်လက်ပစ်လှဲချရင်း ငြီးငြီးငြူငြူဆိုလာသည်။

ပထမနှစ်သာရှိသေးသော်လည်း စာမေးပွဲများက အတော်လေးများသည်တော့အမှန်။

လပတ်များသာမက ကြိုကြားကြိုကြားစစ်သည့် စာမေးပွဲလေးများကလည်း မှိုပေါက်နေသည့်အလား။

စာမေးပွဲများက သူ့ထက်ငါ အလုအယက်စောင့်ကြိုနေပုံများ တကယ့်ကိုနွေးနွေးထွေးထွေး။

ဆယ်တန်းပြီးရင် စာမကျက်ရဘူးဆိုသည့် ချင်း(ဂျင်း)များအား ပြန်တွေးမိတိုင်း လည်ချောင်းနင်လာ၏။

အင်း
အာစရိယတို့၏ ချင်း(ဂျင်း)တွေ ချင်း(ဂျင်း)တွေ

" ဘာလဲ ထွက်ပြေးချင်လာပြီလား"

ရေလဲပုဆိုးကို ခုတင်ခြေရင်းရှိတန်းမှာတင်ရင်း ရေချိုးပြီးပြန်လာပုံရသည့် မှန်သားက ရယ်ဟဟလေးဆို၏။

" နိုးပါ နိုးပါ မင်းရှိနေတာကို ကိုယ်ကပြေးစရာလား
အခုက ဒီအတိုင်းပဲ စာအုပ်တွေမြင်ပြီး ဖျားချင်ရုံသက်သက်ပဲ"

" ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲ "

" ဟင် "

မှန်သားစကားကြောင့် ရာရာမျက်ခုံးများပင့်တက်သွားရသည်။

" ဒီနေ့ညနေ စီနီယာတွေနဲ့ ရွှေတိဂုံကိုသွားမလို့လေ အဆောင်မှူးဆရာကလည်း ခွင့်ပြုထားပေမဲ့ မင်းက ဖျားနေတယ်ဆိုတော့လည်း..."

" ဟမ် မဟုတ်ဘူး မဟုတ်ဘူးလေ ကိုယ်လည်းလိုက်မှာပေါ့"

" ဒါဖြင့် မြန်မြန်ထပြီးရေချိုးတော့ နာရီဝက်နေရင်သွားတော့မှာ "

ဒီအချိန်မှာတော့ ရာရာက စကားပြန်မရတော့ဘဲ ရေခွက်နှင့် ရေချိုးခန်းသုံးပစ္စည်းများသယ်ကာ ရေချိုးခန်းဆီပြေးပြီဖြစ်သည်။

ရေချိုးခန်းထဲ အပြေးအလွှားဝင်သွားသည့် ရာရာ့ကိုကြည့်ရင်း ခေါင်းတခါခါဖြင့် ပြုံးလျှက် ကျန်ခဲ့သူက မှန်သားပင်။

Cupid's Compass (Completed )Donde viven las historias. Descúbrelo ahora