ပဉ္စလက်တစ်ခု၏နိဒန်း

2.6K 351 97
                                    

အေးစက်နေတဲ့ကော်ဖီလေးတစ်ခွက်ရယ်။

အထီးကျန်တဲ့ နေရာလေးတစ်ရပ်ရယ်။

အိုဟောင်း‌နေပြီဖြစ်တဲ့ ကိုင်နေကျဖောင်တိန်လေးတစ်ချောင်းရယ်။

မီးရှို့ခံခဲ့ရတဲ့ Diaryစာအုပ်လေးတစ်အုပ်ရယ်။

ထိုအထဲမှာမှ ပိတ်မိနေခဲ့တဲ့အထီးကျန်ဝိဉာဉ်တစ်ကောင်ရယ်...။

အင်း ဒီတစ်ခါလည်းပြတင်းပေါက်နားကကော်ဖီခွက်လေး သောက်သုံးသူမဲ့ခဲ့ပြန်တယ်။

Tale of the Moonlight

"Sir မှာထားတာလာပို့တာပါ"

"ကျေးဇူးပါ"

တငြိမ့်ငြိမ့်ရွေ့လျားနေသည့်မီးရထားကြီး တောင်းတန်းများအားပတ်၍သွားနေသည်။ လေပြေတွေဝင်နေသည့်ဖွင့်ထားတဲ့ပြတင်းပေါက်မှ နေပြည်ရောင်ခြည်လည်း ဖြိုးဖြိုးဖျောက်ဖျောက်ကျဆင်းရင်း အဖော်ပြုပေးထား၏။

ရထားဝန်ထမ်းကောင်လေးလာပို့သွားတဲ့
ကော်ဖီပူလေးတစ်ခွက်ကိုတစ်ငုံသောက်ရင်းသူကြည့်မိတယ်။ ခပ်ကျင်ကျင်စာရွက်အပေါ် လက်မှရေးနေခဲ့တဲ့စာတွေရပ်လိုက်ချိန်မှာ ကြားဖူးနားဝရှိခဲ့တဲ့ပုံပြင်လေးတစ်ပုဒ်က ကြေကွဲစရာဇာတ်‌သိမ်းတစ်ခုဖြစ်ဖို့များသည်။ ဟန်ဆောင်မှုများတဲ့လောကကဒီလိုပဲမဟုတ်လား။

အဝေးကတလွင့်လွင့်ဖြစ်‌နေတဲ့မီးခိုးငွေ့လေးတွေကိုကြည့်ရင်း ငေးမောရပါ၏။ ကိုင်ထားသည့်ဖောင်တိန်လေးကိုချကာ မျက်ဝန်းတွေမှိတ်ချရင်း အတွေးစတစ်ချို့မျောလွင့်လာသည်။

မင်းသိရဲ့လား Jeon။
မှိုင်းညို့နေတဲ့ကောင်းကင်ကြီးကိုကြည့်တိုင်း ငါ့စိတ်‌တွေမပျော်ဘူး။

ပြန်လည်ဖွင့်သည့်အခါ မျက်ဝန်းတွေ၏အညိုနုရောင်မျက်ဆံတွေက အလှတရားတစ်ပါးကိုသာဆောင်ကျဉ်းပေးသည်။ လူမျိုးခြားသွေးစပ်ခဲ့တဲ့ကောင်လေးဖြစ်ခဲ့သော်ငြား သူဟာသိပ်လှတဲ့အညိုရောင်မျက်ဝန်းတွေကိုပိုင်ဆိုင်ထားသည်။ Australiaမှာကြီးပြင်းခဲ့သူလည်းအလျောက် အေးချမ်းခြင်းကပါ စိတ်နှလုံးအားခိုဝင်ထား၏။

Raedan...။
Raedan Kim...။
နာမည်ကြီးစာရေးဆရာလေး Raedan Kim။

သူ့အိပ်မက်ကရိုးစင်းပါတယ်။ စာ‌လုံးလေးတွေသီဖွဲ့ရင်း တိတ်ဆိတ်တဲ့နေရာတွေဆီအလည်သွားမယ်။ တစ်ကိုယ်တည်း ၊ တစ်ယောက်တည်း အပူအပင်မဲ့စွာရှင်သန်ချင်တယ်။ သူမသိခဲ့တဲ့ဇာတ်ကောင်လေးအပေါ် သူ့စိတ်တွေအေးချမ်းချင်တယ်။

Tale of the Moonlight 𐤀 [Completed]Место, где живут истории. Откройте их для себя