MX 11

5.2K 532 50
                                    

Unicode

ချပ်...

လှုပ်ရှားသံသဲ့သဲ့ကြောင့် အကျင့်ဖြစ်နေတဲ့ လက်တွေက ကျောက်စီဓါးဆီ ရောက်သွားသည်။

"အရှင်..."

တီးတိုးခေါ်သံကြောင့် သူ ဖြတ်ခနဲ အသံကြားရာဆီ အကြည့်ရောက်သည်။

"ချန်ဟွေ့"

"မှန်ပါတယ် အရှင်."

"အရှင် ခေါ်ပါသလား."

အပြင်မှာ ရှိနေသည့် မုန့်ကုန်းကုန်းရဲ့အမေးစကားကြောင့် ရိပေါ်က ခေတ္တငြိမ်သက်လိုက်သည်။

"မုန့်ကုန်းကုန်း... ကိုယ်တော့်အတွက် ညလယ်စာတစ်ခုခု ယူလာပေးဖို့ ပြောပါ."

"ဟုတ်ကဲ့ အရှင်..."

မုန့်ကုန်းကုန်း ထွက်သွားမှ ချန်ဟွေ့က အမှောင်ထဲကနေ ထွက်လာသည်။

"အရှင်... အဆင်ပြေပါရဲ့လား."

"ကိုယ်တော် ဘာမှ မဖြစ်ဘူး။ မင်းတို့ရော။"

"အားကျန့်က နန်းတွင်းလျှို့ဝှက်တပ်ကို အစောကတည်းက စည်းရုံးထားခဲ့ပြီးသား အရှင်။ ကျွန်တော်မျိုးတို့ အပြစ်ပါ."

ချန်ဟွေ့က ဒူးထောက်ရင်း အရှင့်ကို တောင်းပန်စကားဆိုသည်။

"အရှင်... အခု သွားရပါမယ်."

ရိပေါ်က တုန့်ခနဲ ဖြစ်သွားသည်။ ချန်ဟွေ့က အရှင့်ကို ချည်နှောင်ထားတဲ့ သံကြိုးတွေကို ဓါးနဲ့ ဖြတ်ခုတ်ရန် ပြင်သည်။

"မရဘူး ချန်ဟွေ့။ ဒီသံကြိုးတွေက ဓါးနဲ့ ဖြတ်လို့မရဘူး."

ချန်ဟွေ့က သံကြိုးရဲ့ စ မှတ်ချည်နှောင်ထားတဲ့ နေရာကို သွားပြီး ဖြည်ဖို့ကြိုးစားနေသည်။

ဝုန်း....

အခန်းတံခါးက ရုတ်တရက်ပွင့်သွားပြီးနောက် ချန်ဟွေ့သည် အရှိန်ဖြင့် ကန်ခံလိုက်ရခြင်းကြောင့် လွင့်ထွက်သွားသည်။

"အား ကျန့်..."

"ဦးလေးချန်ဟွေ့ ဒါ ဘာ လုပ် တာ လဲ။ ဦးလေးကတော့ ကျွန်တော့်ခံစားချက်ကို သိနေတာ။ ဒါမျိုး မလုပ်သင့်ဘူး မဟုတ်လား."

"ရှောင်းကျန့် လွှတ်လိုက်."

ရိပေါ်က ရှောင်းကျန့်ကို ဓါးဖြင့် ချိန်ရွယ်လိုက်သည်။ ရှောင်းကျန့်က ချန်ဟွေ့ လည်ပင်းကို အားနဲ့ညှစ်ထားပြီး အခန်းအပြင်ဖက်သို့ လွှင့်ပစ်လိုက်သည်။

My Xiao (ငါ့ရဲ့ရှောင်း)Where stories live. Discover now