Chapter (74)

933 196 7
                                    

Chapter (74)
Act 9: The Secret That Cannot Be Told (8)
သူမလက်ကိုမြှောက်လိုက်ကာ ရှန်းချိုက်လည်ပင်းကိုတွဲခိုလိုက်ပြီး ခြေဖျားလေးများထောက်၍ ကောင်လေး၏နှုတ်ခမ်းထောင့်စွန်းကို နမ်းလိုက်တော့သည်။

ဖျော်ဖြေပွဲမစတင်မီ နှစ်နာရီအလိုလောက်မှသာ မိုးထဲရေထဲတွင်ရုန်းကန်လာရသော ထန်ယီမင်၏ကားလေးက ပြဇာတ်ရုံဆီသို့ အပြေးအလွှားဆိုက်ရောက်လာတော့သည်။

ပြဇာတ်ရုံတွင်စောင့်ဆိုင်းနေကြသော ဝန်ထမ်းတော်တော်များများမှာ သူ့ကိုမြင်သည်နှင့် ဝမ်းသာအားရနှုတ်ဆက်လာကြကာ ထီးပိတ်လိုက်ပြီး တစ်သက်လုံးရွှင်မြူးနေသောမျက်နှာများဖြင့် "ရှောင်ရှန်း... နောက်ဆုံးတော့ မင်းဒီကိုရောက်လာပြီပေါ့နော်"

"တောင်းပန်ပါတယ်၊ လေယာဉ်က အကြာကြီးနှောင့်နှေးနေတာ.. မိုးတွေက အရမ်းရွာနေတော့ ကားလမ်းကလည်း အရမ်းကျပ်နေတာပဲ" ရှန်းချိုက်လည်း ဝန်ထမ်းနောက်မှလိုက်ကာ ပြဇာတ်ရုံထဲသို့ အပြေးအလွှားပြေးဝင်သွားခဲ့သည်။

"ရတယ်၊ ရတယ်... ရှင်ဒီကိုရောက်လာတယ်ဆိုရင်ပဲ အဆင်ပြေနေပါပြီ!" ဝန်ထမ်းလေးတစ်ဦးက သူမရင်ဘတ်ကိုဖိကာဖိကာဖြင့် "ရှင့်ကို အရေးပေါ်အနေနဲ့ ဆွဲခေါ်ထားတာဆိုတော့လေ"

ရှန်းချိုက်လည်း ကပျာကယာလမ်းလျှောက်ရင်း  "တခြား သရုပ်ဆောင်တွေရော ရောက်နေကြပြီလား" လို့ မေးမြန်းလိုက်၏။

"အစောကြီးရောက်နေကြပြီ၊ အားလုံးလည်း သွေးပူလေ့ကျင့်ခန်း လုပ်ပြီးသွားကြပြီ... အစ်မရန်အာကတော့ ရှင့်ကိုအမြန်တွေ့ချင်နေပြီလို့ ပြောနေတယ်"

"ဟုတ်ပြီ" ရှန်းချိုက်လည်း ခေါင်းညိတ်ပြလိုက်သည်။  "ဒါဆို အစ်မကို ကျွန်တော့်အဝတ်လဲခန်းထဲကိုပဲ လာခိုင်းလိုက်ပါလား... ကျွန်တော် မိတ်ကပ်လိမ်းနေရင်း သူနဲ့ဆွေးနွေးလို့ရတာပေါ့"

နှစ်နာရီဟူသောအချိန်မှာ ကြာမြင့်သည်ဟုထင်ရသော်လည်း ယခင်က တစ်ခါမှမပူးပေါင်းခဲ့ဖူးသော  စင်မြင့်သရုပ်ဆောင်နှစ်ဦးအတွက်တော့ ယခုအချိန်လေးသည် အစမ်းလေ့ကျင့်ရန်တောင် မလုံလောက်ပေ။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Tempat cerita menjadi hidup. Temukan sekarang