၁၄

574 73 3
                                    

Kira ဂိုဏ်း၏ဋ္ဌာနချုပ်သည် T မြို့၏တောင်ကုန်းပေါ်မှာတည်ဆောက်ထားသည့် စံအိမ်ကြီးတစ်လုံးဖြစ်၏။ တစ်နည်းအားဖြင့် ထိုစံအိမ်တွင် ဂိုဏ်းချုပ်ဖြစ်သူ ဦးတေဇခီရာနေထိုင်သည် ။

သူသည် T မြို့တွင် အရေးပါသောလူချမ်းသာမြို့မျက်နှာဖုံးတစ်ဦးဖြစ်၏။ ၂၁ ရာစု၏အတွေးအခေါ်များ လူငယ်များအကြားလွှမ်းမိုးလာချိန်တွင် သာမန်လူနေမှုပတ်ဝန်းကျင်၌ Kira ဂိုဏ်းသည် လူသိနည်းလာသည် ။ ထိုအရာကို အခွင့်ကောင်းယူ၍ Kira ဂိုဏ်းသည် လျှို့ဝှက်ဂိုဏ်းတစ်ဂိုဏ်းအသွင်ယူလိုက်ပြီး နိုင်ငံ၏အရေးပါသော စီးပွားရေး၊နိုင်ငံရေးပိုင်းတွေမှာ နေရာဝင်ယူလုပ်ကိုင်လာကြပြီး အင်အားကိုထူထောင်လာကြ၏။

ဦးတေဇသည်လည်း ထိုနည်းလည်းကောင်းပင် ။ သူသည် T မြို့တွင် အိမ်ခြံမြေစျေးကွက်ကိုထိန်းချုပ်ထားပြီး ဆောက်လုပ်ရေးလုပ်ငန်းပေါင်းများစွာပိုင်ဆိုင်၏။ T မြို့၏ အမြင့်ဆုံးတောင်ကုန်းကိုဝယ်ယူပြီး ဧကပေါင်းများစွာကျယ်ဝန်းသောစံအိမ်ကြီးတစ်လုံးဆောက်ကာ တစ်သီးတစ်သန့်နေထိုင်တတ်သူဖြစ်သည် ။

လစဥ် လပြည့်နေ့တိုင်း ထိုစံအိမ်ကြီးသို့ တန်ဖိုးကြီးကားများစွာရောက်လာတတ်ကြပြီး နောက်တစ်နေ့တွင်ပြန်ထွက်သွားကြသော်လည်း မြို့ခံများက ထိုအချင်းအရာကိုထူးဆန်းသည်ဟု မထင်မြင်ကြ ။ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်သည့် ဦးတေဇက တရားသမားမို့ လတစ်လ၏ထိုနေ့တစ်ရက်သာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်ဟု သတင်းလွှင့်ထားသောကြောင့်ပင် ။

မဟူသည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းကမှ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲပြန်ဝင်လာပြီဖြစ်သည် ။ သူ့ကျန်းမာရေးသည် အချိန်တစ်ခုအကြာအထိဆိုးဝါးခဲ့သော်ငြား ယခုမှာ အတော်အတန်သက်သာနေပေပြီ ။

T မြို့သည် ဋ္ဌာနချုပ်ရှိရာဒေသဖြစ်သဖြင့် မဟူ့အနေနဲ့ ပေါ်ပေါ်ထင်ထင်သွားလာလို့မရ။ ထို့ကြောင့် မျုိးကိုတို့ကိုမခေါ်တော့ဘဲ သူတစ်ယောက်ထဲသာထွက်လာခဲ့သည် ။ လေယဥ်တစ်လှည့်ကားတစ်လှည့် အလီလီပြောင်းစီးခဲ့ပြီးနောက်တွင်တော့ အအေးဓာတ်တွေလွှမ်းခြုံနေသည့် T မြို့သို့ သူရောက်ရှိခဲ့ပေပြီ ။

နိယာမ(Desire)    [ခေတ္တရပ်နား]Where stories live. Discover now