''သံစဥ်ပန်း" ဆိုတဲ့ အမည်နဲ့ လိုက်အောင် သံစဥ်လေးတွေ နူးညံ့စွာ တေးသီနေသလို လျှောက်လှမ်း လာသော သူမကို မြင်သူတိုင်း ငေး၍ ကျန်ရစ်ခဲ့သည်.. Hotel Service စီ သွားနေသော ခြေလှမ်းများသည် လိုရာကိုသာ ခပ်မြန် မြန်သွားနေပြီး ရောက်ရောက်ချင်းပင် ပြတ်ပြတ်သားသားသာ စကား စ လိုက်သည်..
''Manager နဲ့တွေ့ချင်ပါတယ်''
''ရှင်?'' ဝန်းထမ်း မှာ အနည်းငယ်ရှိန်သွားပြီး
''အော် ဟုတ်ကဲ့..တောင်းပန်ပါတယ်ရှင့်.ကျွန်မတို့manager က အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားပါတယ်'''' ဘာလိုအပ်ချက်များရှိလို့လဲ ခင်ဗျာ့'' ဘေးက ရာထူးပိုကြီးဟန် ရှိသော အမျိုးသားတစ်ယောက် စကားဖြတ်ပြောလိုက်သည်..
''ရှင် ကျွန်မ နဲ့လိုက်ခဲ့ပေးပါ '' ထိုအမျိုးသားမှာလည်း ရှောင်လို့ မရတဲ့အဆုံး လက်ခံခဲ့ရသည် ''ရပါတယ်ခင်ဗျာ''
တက်ကြွစွာလိုက်လာခဲ့သော ထို အမျိုးသား သူမ၏ အခန်းရှေ့ရောက်မှ ခြေလှမ်းများ တုံ့ဆိုင်းသွား ခဲ့သည်..
''ရှင်ဘာဖြစ်လို့လဲ''
''ဒီ..ဒီ အခန်းမှာ ညီမနေတာလား??..ဟို..ဟို ဝန်ထမ်းအသစ်လေး ဒီအခန်းငှားပေးလိုက်တာဖြစ်မယ်..အမှန်တော့..ဒီအခန်းကို ဘယ်မှကိုမှ ငှားခွင့်မရှိဘူးဗျ့... ''
ထို အမျိုးသားကိုမျက်နှာချင်းဆိုင် လိုက်၍
''အဲ့တော့ ဘာဖြစ်လို့လဲ? .." ထိုအမျိုးသားမှာပြန်မဖြေနိုင်''ရှင်အလုပ်ပြန်ဆင်းရဦးမယ်မလား..မြန်မြန်လိုက်ခဲ့ပါ..ရေကူးကန်ကိုပြချင်လို့ ''
ထိုလူမှာတော့ မျက်နှာကသွေးပျက် ၍ ပါလာခဲ့သည်
~ ~ ~
''ဒီမှာ ရှင်လည်းတွေ့တဲ့အတိုင်းပဲ ကျွန်မအခန်းရဲ့ ရေကန်ရဲ အခြေအနေကို..ရှင်တို့ ဒီအခန်းကို မရှင်းတာ နှစ်ပေါက်နေပြီလို့ ဒါက သက်သေပြနေတာပဲ...ကျွန်မကိုပြောပါဦး..ဒီအခန်းကိုအရင်ကမငှားဘူးဆိုရင်တောင် ကျွန်မကိုငှားလိုက်ပြီးကတည်းက ပြင်ဆင်ထားသင့်တာမလား..''
''အဲ့..အဲ့တာက.. အမ်...ခေါင်မိုးအထပ်ကိုပိတ်ထားတာ ကြာပါပြီ.. အပေါ်ဆုံးအထပ်ကိုငှားတဲ့သူတွေကို ခေါင်းမိုးကို တွဲမငှားပေးတော့လို့ပါ..ဟိုဝန်ထမ်းသစ်လေးက မသိလို့ ခေါင်းမိုးသော့ပါပေးလိုက်တာ ဖြစ်ပါလိမ့်မယ် ကျွန်တော့်တို့အမှားပါ '' ခေါင်းငှံ့၍တောင်းပန်နေသော်လည်း ဝန်ထမ်းသစ်လေးအား တိုးတိုးလေး ဆဲနေသော သူ့မျက်နှာကို သံစဥ် မြင်နေရသည်..