Unicode
"ရီနန်၊ ချုံးတောက်သွားဖို့ တစ်နာရီပဲကျန်တော့တယ် ၊ အခု ဘယ်သွား ချင်သေးလို့လဲ" ရီနန်မောပန်းနွမ်းနယ်နေပုံရသည်ကို စန်းယွီ သတိပြုမိသည်။ သို့သော်လည်းရီနန်သည် ကုတင်ပေါ်မှ အလျင်စလိုကောက်ထကာ ရေမချိုးဘဲ သူ့အဝတ်အစားကိုခပ်မြန်မြန်ဝတ်နေတာတွေ့တော့ စန်းယွီမကြည့်ရက်တော့ဘဲ မေးလိုက်သည်။
"ချီး" ရီနန်က အချိန်ကိုကြည့်ကာ ကြိမ်းမောင်းလိုက်သည်။ "မင်းလိုheatတက်နေတဲ့ တိရစ္ဆာန်ကြောင့်သာမဟုတ်ရင် ပိုက်ဆံစောစောပို့ပြီးနေပြီ"
"မင်းအဖေဆီ ပိုက်ဆံပို့ရုံပဲမဟုတ်လား၊ မနက်ဖြန်ကျရင် ကျန်းရှောင်ပိုင်ကို ပေးခိုင်းလိုက်လေ။ အိုက်၊ အရင်အပတ်က မင်းအဖေဆီသွားလည်ဖို့ အိမ်ပြန်တာမဟုတ်ဘူးလား! အဲ့ထဲကထားခဲ့လိုက်ရမှာ၊ အခုတော့သွားပို့ရပြီ။"
"အရင်တစ်ပတ်? အရင်လက ပိုက်ဆံတွေ အရမ်းကုန်တယ်၊ ပြီးခဲ့တဲ့အပတ် အိမ်ပြန်ရောက်တော့ငါ့မှာ ယွမ်နည်းနည်းပဲ ကျန်တော့တယ်။ အဲ့တော့ လစာရဖို့အတွက် ဒီဗုဒ္ဓဟူးနေ့အထိ စောင့်ရတာပေါ့။ ပြီးတော့ ကျန်းရှောင်ပိုင်ကို ငါတို့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ကိုင်တွယ်ဖို့ အမြဲတမ်းပြောနေလို့မရဘူး၊ သူကမင်းရဲ့လက်ထောက်၊ ငါ့မှမဟုတ်ဘူး။ ငါကစီမံကိန်းဌာနက မန်နေဂျာငယ်လေးသာသာပဲ၊ ငါ့ကိုအချိန်တိုင်း ကူညီပေးဖို့ လူတွေကို အမိန့်ပေးနေလို့မရဘူး။"
"ဒါဆို ကိုယ်သူ့ကို သွားဖို့ပြောလိုက်ရင် အဆင်ပြေတာပေါ့၊ ကိုယ့်ယောက္ခမအတွက် ပိုက်ဆံလို့ပြောလိုက်မယ်။" စန်းယွီသည် ကိုယ်လုံးပေါ်မှန်ထဲတွင်ထင်ဟပ်နေသည့် ရီနန်၏သပ်ရပ်သောဝတ်စားဆင်ယင်ပုံအား ကြည့်လိုက်ရာ စန်းယွီခရစ္စမတ်လက်ဆောင်အဖြစ် ပေးခဲ့သော မိကျောင်းသားရေခါးပတ်ကို ဝတ်ဆင်နေကြောင်း တွေ့လိုက်သည်။
ရီနန်သည် အစမ်းတစ်ဝက် အတည်တစ်ဝက်ဖြစ်သည့် စန်းယွီ၏အကြံပြုချက်ကို မတုံ့ပြန်ဘဲ သူ့ခါးပတ်ကို အမြန်ဝတ်ကာ အကျီအဖြူနှင့်ဖုံးပြီး စန်းယွီကိုလှမ်းနမ်းလိုက်သည်- "ငါ စာတိုက်သွားပြီး ပြန်လာခဲ့မယ်။ အနည်းဆုံး မိနစ်30ပဲ။"
YOU ARE READING
လှည့်စားခြင်း [mmtranslation] {Completed}
Short Storyမာဖီးယားဘော့စ်ရဲ့ ပြစ်မှုမှတ်တမ်းတွေကို ဖော်ထုတ်ပြီး ထောင်ထဲထည့်ဖို့ ကုမ္မဏီထဲ သူလျှိုအနေနဲ့ ဝင်လာတဲ့ရဲတစ်ယောက်... Name: Deceive (欺骗) Author(s)- 林仑 5 Chapters + Epilogue (Complete) #cover is not its own cover.i make myself and give creadit to its or...