တစ်ခါတုန်းက ကောင်းကင်နန်းတော်မှာ.. (Side Story)
ငါဆိုတဲ့ ငါက ကောင်းကင်နန်းတော်မှာ ပထမအဆင့် သဘာဝနတ်မင်းကိုးပါးထဲက တစ်ပါး။ ငါ့စွမ်းအားက မြေကြီးကို ထိန်းချုပ်တာ။ ပိုကြီးတဲ့ စွမ်းအားကတော့ ငါ အမြဲတမ်း သိုဝှက် ထားခဲ့တာပေါ့။ အချိန်စက်ကွင်းကို ထိန်းချုပ်နိုင်တာ။ ပြောင်းလဲနိုင်တာ။
ငါ ငယ်ငယ်တုန်းက အချစ်ဦးတစ်ယောက် ရှိခဲ့တယ်။ သူမက လှပတယ်။ သိမ်မွေ့တယ်လို ငါ ထင်ခဲ့တယ်။ စွမ်းအားကြီးတယ်။ သန်မာတယ်။ ဒါတောင်မှ ငါက သူမကို ကာကွယ်ပေးချင်ခဲ့တာလေ။ ငါ့ဆီကနေ အချိန်စက်ကွင်းစွမ်းအားကို သူမဆီ လွဲပြောင်းမပေးလို ငါ့ကို သတ်ပစ်ဖို မကြိုးစားခင်အထိပေါ့။
ငါ သူမကို နှစ်သန်းပေါင်းများစွာ အဖော်ပြုပေးခဲ့တယ်။ အာ.. ငါပဲတော့ မဟုတ်ဘူး။ ကျန်းရှီ ဆိုတဲ့ ငတုံးတစ်ကောင်နဲ့ အတူတူပေါ့။ သူပဲ တုံးအတာတော့ မဟုတ်ပါဘူး။ ငါရော တုံးအပါတယ်။ မရနိုင်တဲ့အရာကို ရလာဖို့ အချိန်တွေ အများကြီး သုံးခဲ့ကြတယ်။ နောက်ဆုံးမှာ အဖြေကို လက်ခံလိုက်ရပေမဲ့ ဒါက ငါ့ကို အထိနာစေခဲ့တယ်။ အဲအချိန်မှာ ငါက ကောင်းကင်ကို စတင်အုပ်ချုပ်တဲ့ ယာယီအိမ်ရှေ့မင်းသား ဖြစ်နေပြီ။
ကံကောင်းတာက ကောင်းကင်ရဲ့ နယ်နိမိတ်ထဲ ဝင်ချင်တဲ့ မျိုးနွယ်စုတွေ အများကြီး ရှိနေခဲ့တာပဲ။ ငါ အလုပ်များနေတယ်။ ဒီတော့ အချစ်ဦးကို ခဏတော့ မေ့ထားနိုင်ခဲ့တယ်။
နောက်ပိုင်းကျတော့ ဟုန်လျန်က သောက်ချီးထုတ်ပဲ။ ကောင်းကင်မင်းကြီး ဆိုပေမဲ့ နတ်သခင်မတစ်ပါးမှ မထားဘဲ သူ့နန်းဆောင်က လက်ထောက်နတ်သူငယ်လေးတစ်ပါးနဲ့ပဲ တင်းတိမ်နေတယ်။ အဲပြဿနာက ငါ့ဆီ ရောက်လာတော့တာပေါ့။
ယာယီအိမ်ရှေ့မင်းသားကလည်း အိမ်ရှေ့မင်းသားပါပဲ။ ကောင်းကင်မင်းကြီးရဲ့တာဝန်က ငါ့ဆီ ရောက်လာတယ်။ နတ်သူငယ်လေးတွေ၊ နတ်ငယ်လေးတွေ၊ ထင်ရှားတဲ့ အလှပဂေး နတ်သမီးတွေ သူ့ဆီ ရောက်လာတယ်။ ပစ်ရမခက် မပစ်ရအခက်.. အားလုံးကို ငါ လက်ခံလိုက်တယ်။ ပြီးရင် ငါ့ရဲ့ လွတ်နေတဲ့ နန်းဆောင်ကြီးထဲ ပစ်ထည့်ထားလိုက်တယ်။
![](https://img.wattpad.com/cover/147508012-288-k593592.jpg)
YOU ARE READING
တစ်ခါတုန်းက ကောင်ကင်နန်းတော်မှာ...The Legend of Heaven
Romanceရေးသားသူ - စွဲညို့ သဘာဝတရားမိခင်ရဲ့ ပထမဆုံးသော သားတော်၊ ရေခဲနတ်မင်း ပင်းရှီ၊ သာမန်လူသားငယ်လေးကို နှစ်သက် သဘောကျသွားပြီးတဲ့နောက်မှာ လူသားသဘာဝတွေ ကင်းဝေးနေတဲ့ နတ်မင်းတစ်ပါးနဲ့၊ အနိမ့်စားအဆင့်သာ ရှိတဲ့ နတ်စွမ်းအားမဲ့ လူသားငယ်လေးတို့က ဘယ်လိုတွေ ချစ်ကြိ...