ဤကမ္ဘာလောက၌ အသက်ရှင်နေထိုင်ကြသော သက်ရှိ၊သက်မဲ့ဟူသမျှ ၎င်းတို့၏ ကိုယ်ပိုင်မြစ်ဖျားခံရာအရပ်မှ သွေဖီ၍မရစဖူး ။ မြစ်များ၊ချောင်းများအဖြစ် မည်ကဲ့သို့ပင် အမည်နာမများပြောင်းပြီး ကွေ့ကွေ့ကောက်ကောက်စီးဆင်းပါသော်လည်း ဒီရေသည် ပင်လယ်ပြင်သို့သာ ပြန်လည်စီးဝင်အဆုံးသတ်ရသည် ။
သက်ရှိလောကတွင်လည်း ထိုနည်းလည်းကောင်း ။ အသားစားသည့်ကျားသတ္တဝါမှမွေးလျှင် ကျားပေါက်ပင်ဖြစ်နေစေပါမူ အသားစားသည့်ကျားအဖြစ်ဖြင့်သာ နေထိုင်သွားရပေမည် ။ ယုန်ကိုအတုယူလို့ အသီးအရွက်ကိုစားလို့မရသလို သူပေါက်ဖွားသည့် မူလရှင်သန်ရာဇာစ်မြစ်ကိုဖီဆန်၍မရ။
သို့သော် လူဟူသောသတ္တဝါကတော့ အနည်းငယ်ကွာခြားမှုရှိ၏။ အကျင့်စရိုက် ၊ စောင့်ထိန်းရမည့်စည်းကမ်း ၊ ပြုစုပျိုးထောင်ပုံနှင့် ဋ္ဌာနေကျင့်စဥ်တို့မှာ မိသားစုတစ်စုနှင့်တစ်စုမတူညီသော်ငြား လူတစ်ယောက်သည် ရေမြေသဘာဝမတူညီသော နေရာတစ်ခုတွင် ကောင်းစွာရှင်သန်ဖွံ့ဖြိုးနိုင်သည် ။ ဤသည်ကို လိုက်လျောညီထွေစွာနေထိုင်တတ်ခြင်းဟုခေါ်၏။
ခြွင်းချက်အားဖြင့် လူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းနှင့်အတူတွဲပါလာသည့် ဗီဇဇာစ်မြစ်ဟူသည်ကား ပြုပြင်၍မရ။ ပတ်ဝန်းကျင်မည်မျှပြောင်းလဲပြောင်းလဲ ထိုဗီဇကတော့ အချိန်တန်လျှင်ပေါ်လာစမြဲပင် ။
သဘာပတိခီရာ၏ဗီဇသည်ကား ထက်မြက်လှသောဥာဏ်ရည်နှင့် ပါးနပ်၍ ကြောက်မက်ဖွယ်အရှိန်အဝါတို့ကိန်းခို၏။ သူသည် ထိန်းချုပ်ရခက်သောလူဖြစ်၏။ ဥာဏ်ရည်ထက်မြက်လွန်းသူဖြစ်သည်နှင့်အညီ အကျင့်စရိုက်ကလည်းထူးခြားလှသည် ။ ခီရာ၏ပုံစံကို ငယ်စဥ်ကတည်းက အကြိမ်ပေါင်းမြောက်များစွာပြုပြင်ယူခဲ့ပါသော်လည်း အချည်းနှီးသာဖြစ်ခဲ့ရသည်ချည်း။
ထိုကဲ့သို့ ထိန်းချုပ်ရခက်သည့်လူအား လူတစ်ဦးကသာ အလွယ်တကူထိန်းချုပ်နိုင်သည်။
မဟူရာဦးေသျှာင်သည် ခီရာ၏ထိုထိုေသာဗီဇအလုံးစုံတို့အား အလိုလိုက်ကာ သိမ်မွေ့နူးညံ့ပြီး ငြင်သာသောနည်းလမ်းဖြင့် ပို၍ပါးနပ်စွာပင်ထိန်းချုပ်ထားနိုင်စွမ်းရှိလေသည် ။ သူသည် ခီရာ့အပေါ် နှစ်ပေါင်းများစွာ အနီးကပ်လေ့လာခဲ့သည် ။
ESTÁS LEYENDO
နိယာမ(Desire) [ခေတ္တရပ်နား]
RomanceRead? Or else Leave ..... ယခု fiction တွင်ပါဝင်သောအကြောင်းအရာများသည် သွေးထွက်သံယိုအခန်းများ ၊ စိတ်မချမ်းမြေ့ဖွယ်အခြေအနေများ ၊ အသုံးအနှုန်းကြမ်းများပါဝင်နိုင်ပါသဖြင့် warning 20+ ပေးထားပါသည်။ ထို့ကြောင့် ဖတ်မည်ဆိုပါက read ur own risk guys!