မြူခိုးကြားက စံအိမ်နက်ကြီး

1.7K 309 123
                                    

လှည့်စားတတ်တဲ့ကံကြမ္မာတွေအရ တွေ့ဆုံဖို့ကံပါလာပြန်တယ်။ ပြန်လည်မွေးဖွားခဲ့ပြီးတာတောင် ဒီရေစက်ဆိုးက မပျယ်ပျောက်နိုင်ခဲ့သေးဘူးပဲ။

Tale of the Moonlight

မနက်ပိုင်းနှင်းဖွဲဖွဲကျနေသည်။ မြေကြမ်းလမ်းမထက် နေခြည်မကျသေးနိုင်။ စောသေးတာကြောင့်လည်းပါပေမည်။ ‌အပြင်ဘက်ရာသီဥတုကသိပ်အေးနေ၏။

ထိုစဉ်တစ်ခဏ အိမ်ကြီးတစ်အိမ်ဆီမှပွင့်သွားသောတံခါးရွက်အသံလေးနဲ့အတူ ပြူတစ်ပြူတစ်မြင်လိုက်ရသည့် ဝါဂွမ်းလုံးလေး။ မျက်နှာဝင်းဝင်းလေးမှာ ခပ်ရဲရဲပါးပြင်လေးတွေက အအေးဓာတ်ကဲတာကြောင့်ဖြစ်နေသည်။

"မြူတွေအများကြီးပဲ"

ဩဇီမှာလည်းစောစောထတတ်တဲ့ကောင်လေးတစ်ယောက် ဤနေရပ်၌နိုးနေချေပြီ။ ခြေသံဖွဖွလေးတွေလျှောက်ရင်း အိပ်ခန်းထဲမှာရှိတဲ့ တစ်ခုတည်းသောပြတင်းပေါက်ကိုဖွင့်လိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံးမြူတွေစိုင်းနေလျက်။

သိုးမွှေးအနွေးထည်ထူထူကြီးဝတ်ထားလို့ အဝတ်ထဲမြှုပ်နေတာတောင် အပြင်ဘက်ကဝေ့ခနဲတိုက်သွားသည့်လေပြေက ထယ်ယောင်းကိုယ်လေးအား တုန်သွားစေတယ်။ စိုရွှဲနေတဲ့နှုတ်ခမ်းဖူးဖူးလေးက အံ့ဩဟန်လေးဖြင့်ဆူရင်း ဟိုးမမြင်ရသည့်လမ်းမထက်ကိုငေးကြည့်နေသေး၏။

သိုးမွှေးအနွေးထည်ထူထူကြီးဝတ်ထားလို့ အဝတ်ထဲမြှုပ်နေတာတောင် အပြင်ဘက်ကဝေ့ခနဲတိုက်သွားသည့်လေပြေက ထယ်ယောင်းကိုယ်လေးအား တုန်သွားစေတယ်။ စိုရွှဲနေတဲ့နှုတ်ခမ်းဖူးဖူးလေးက အံ့ဩဟန်လေးဖြင့်ဆူရင်း ဟိုးမမြင်ရသည့်လမ်းမထက်ကိုငေးကြည့်နေသေး၏။

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.

"Horrorဇာတ်လမ်းသာရေးဖြစ်ရင် ရှယ်ပဲ"

မြင်ကွင်းကိုကြည့်နေရင်း စိတ်ကူးထဲဘာရယ်မဟုတ်အတွေးရလိုက်သေး။ ကိုယ့်ကိုယ်ကိုယ်တောင်ရယ်လိုက်မိသေး၏။ ကျွန်တော်က စာရေးဆရာပီသပါပေသားနော် haha။

"မြို့ကြီးနဲ့မတူတဲ့ပုံစံလိုမျိုးတစ်ခုလောက် ငါအစပျိုးထားကြည့်ရင်ကောင်းမလား"

Tale of the Moonlight 𐤀 [Completed]Où les histoires vivent. Découvrez maintenant