🍷(၃)

7.2K 628 18
                                    

" မိန်းကလေးချင်း နမ်းလို့ရရဲ့လား ဒေါ်လေးညို့သခင် "

" မင်းသာဖြစ်နေရင် တို့အတွက်ရတယ် "

" ဒါဆို သွဲ့ကိုနမ်းပါ "

" မင်းသဘောအတိုင်း ဖြစ်စေရမယ် အပေါင်လေး "

လရောင်ဖျော့ဖျော့အောက် အနမ်းပန်းတို့ ပွင့်လန်းလာလေပြီ။ ညလေအေးသည် တင်းကြပ်စွာပွေ့ဖက်ထားသော အမျိုးသမီးနှစ်ဦးကြား ခလောက်ဝင်မဆန်နိုင်ခဲ့ပါ။

" ကျေးဇူးပြုပြီး တို့ခရီးသွားနေတဲ့ သုံးရက်အတွင်း မထွက်ပြေးပါနဲ့ "

" ထွက်ပြေးခဲ့မယ်ဆိုရင်ကော "

" အဲ့လိုသာဆို မင်းကို တို့သတ်ပြစ်မှာ "

ဘိန်းခြံမီးလောင်မှုကြောင့် အရေးတကြီး ခရီးထွက်ရမည်ဖြစ်သည်။ ကိုယ်တိုင်မသွားလို့ကလည်းမဖြစ်၊ ဒီတစ်ခေါက်ပြဿနာမှာ ဆုံးရှုံးမှုအလွန်ကြီး၏။ အလုပ်သမားတစ်ချို့ပါ သေဆုံးကြသည်မို့ အပူပေါ်အပူဆင့် အနေအထားဖြစ်သွားရသည်။

အပေါင်လေးကို ခေါ်သွားချင်သော်လည်း ထိုနေရာသည် အဖြူထည်မိန်းကလေးနှင့် မည်သို့မျှ မအပ်စက်ပါ။ ထို့ပြင် အန္တရာယ်လည်း ရှိလာနိုင်သည်မို့ ငရဲတွင်းထဲတော့ အတူမလိုက်ပါစေချင်။

စံအိမ်တော်ထဲမှ အသီးသီးထွက်သွားသော အနက်ရောင်ဇိမ်ခံကားများအား ဝရံတာမှနေကာ ငေးလို့ကြည့်မိသည်။ ခြံတံခါးကြီးပိတ်သွားလို့ မျက်စိတစ်ဆုံးမမြင်ရတော့သောအခါမှသာ တားဆီးထားရသည့် မျက်ရည်ကြည်တို့အား စီးဆင်းစေလိုက်ရ၏။

" သွဲ့ တောင်းပန်ပါတယ် ဒေါ်လေးညို့သခင် "

သတ်မှတ်နေရာသို့ရောက်သောအခါ မနက်မိုးသောက်ချိန်ပင် ကျော်လေပြီ။ တစ်ညလုံးမအိပ်ရသေးသည်မို့ ပင်ပန်းနေသော်လည်း မနားရပါ။

" ဘယ်သူ့လက်ချက်လဲ "

" ဟို .. ဟိုလေ .. သွဲ့ .. သွဲ့ရီလဲ့နဲ့ သူ့အမေရဲ့ ပေါင်းကြံမှုပါ သခင်မ "

" ဘာ "

တုန်လှုပ်စွာထွက်ပေါ်လာသော အသံသည် ကြောက်စဖွယ်အတိ။

" သခင်မရဲ့ အလုပ်ခန်းက စီစီတီဗီကို ပြန်စစ်ထားပါတယ် "

မျက်စိရှေ့ရောက်လာသော လပ်တော့ (laptop)လေးအား ဆွဲယူလိုက်သည်။ ထို့နောက် အသင့်ယူဆောင်ထားပေးကြသော အမှီထိုင်ခုံလေး၌ ဝင်ထိုင်လိုက်၏။

အပေါင်လေး (completed)Donde viven las historias. Descúbrelo ahora