More Than Friend

971 102 2
                                    

Oh Sehun = Seoul university က Third year ..English Major ​ကျောင်းသား​ပေါ့။ ပထမဆုံး​ကျောင်းစတက်​ရက်​​လေးက​တော့ ကျွန်​​တော့ အတွက်​သာသာယာယာရှိတယ်​လို့​ပြောရမယ်​။ ​နောက်​မှ အ​ကြောင်း​ကြောင်း​တွေ​ကြောင့်​ J ၀င်​လာမှာ​တွေ​တော့ကြို​တွေးပြီးသား ။ ခု​တော့ပြိုင်​ကားအနီရဲရဲ​လေးကို ပါကင်​ထိုးထားလိုက်​ပြီး ပြီး ကျွန်​​တော်​ Oh Sehun တစ်​​ယောက်​ ​ကျောင်း​ရှေ့မှာ သူ့ကို ငုတ်​တုတ်​​လေး​စောင့်​​နေယုံ​ပေါ့ ။ သူ.....သူ ဆိုတာက ။ ဘယ်​သူရှိရမလဲ ကျွန်​​တော့ရဲ့နှစ်​​ယောက်​မရှိတဲ့ Luhan hyung ​ပေါ့ ။ ပြီးခဲတဲ့ Second year နှစ်​ကုန်​​ပိုင်း​လောက်​က kai ကတဆင့်​ hyung နဲ့စသိခဲ့ပြီး ​နောက်​ပိုင်း kai က kyung soo hyung နဲ့ဘာညာကွိကွဆို​တော့ ကျွန်​​တော်​တို့နှစ်​​ယောက်​ကအလိုလို​နေရင်း စားအတူသွားအတူ သူငယ်​ချင်းဖြစ်​သွားတာရယ်​။ hyung ကကျွန်​​တော့ထက်​စာရင်​ အ​ပေါင်းအသင်းဝင်​ဆံ့တယ်​လို့​ပြောရမယ်​။ အင်း​ပေါ့​လေ သူက classmate ​တွေနဲ့​ရော Teacher ​တွေနဲ့ပါဆိုရင်​ ကျွန်​​တော့ထက်​စာရင်​ မျက်​နှာကြီးဖြီး ၊ သွား ၃၂​ချောင်းလုံး​ပေါ်​အောင်​ဖြဲပြပြီးဆက်​ဆံတတ်​တာကိုး။ ကျွန်​​တော်​ကလည်း တခြားလူ​တွေနဲ့အ​ပေါင်းအသင်းလုပ်​ရမှာထက်​စာရင် ကျွန်​​တော့အ​ပေါ်အနွံတာခံတဲ့ luhan hyung တ​ယောက်​တည်းကိုပဲအသည်းစွဲ​ပေါ့။ ကျွန်​​တော်​တို့နှစ်​​ယောက်​ကရုပ်​ချင်းကလည်းဆင်​၊ အကြိုက်​ချင်းကလည်းတူတာများတာမို့ ​ပေါင်းဖြစ်​သွားတာထင်​ပါရဲ့။ မတူတာဆိုလို့ အရပ်​နဲ့ စိတ်​ခံစားချက်​အ​ခြေအ​နေပဲကွာတာရယ်​။ ကျွန်​​တော်​က စိတ်​ဓာတ်​မာတယ်​လို့​ပြောရမယ်​။ hyung ကျ​တော့တခုခုဆို မျက်​ရည်​​လေးအ၀ဲသားနဲ့ ပတ်​၀န်းကျင်​ရဲ့ လက်​ညှိုးထိုးခံရမှာကိုလည်း​ကြောက်​တတ်​​သေး ပြီး​တော့အရမ်းအာနာတတ်​တယ်​။ အဲ့ဒါ​တွေ​ကြောင့်​လည်း ကျွန်​​တော်​ သူ့ကိုမျက်​စိ​အောက်​က အ​ပျောက်​မခံတာ​ပေါ့။ မဟုတ်​ရင်​ သူများလုပ်​သမျှခံမယ့်​သူကြီး ............ hyung အိမ်​ကလည်း hyung ကိုအငယ်​ဆုံးဆို​တော့ ဖူးဖူးမှုတ်​ထားတာရယ်​။ ခုရွယ်​ထိ အိမ်​က​နေ​ကျောင်းကို အပို့အကြိုလုပ်​​ပေးတာသာကြည့်​ ။ အိမ်​ကပို့​ပေးတာမို့အမြဲ​နောက်​ကျတာ ကျွန်​​တော့လိုကိုယ့်​ကားကိုယ်​​မောင်းလာရင်​ ​စောဦးမှာ။ ဒါ​ပေမဲ့ hyung လာတဲ့အချိန်​ကလည်း ပထမဆုံးအတန်းချိန်​ကွက်​တိပါပဲ။ ကျွန်​​တော်​ကသာ အမြဲစိတ်​​လောပြီး​စော​နေတာရယ်​။ ဘာလို့​ကျောင်းလာဖို့ စိတ်​​တွေ​စော​နေတာလဲ​တော့ ကျွန်​​တော်လည်းမရှင်းပြတတ်​​တော့ဘူး။
Hyung ကကျွန်​​တော့ထက်​ ၄နှစ်​ကြီး​ပေမဲ့ကျွန်​​တော်​နဲ့အတန်းတူတူပါပဲ။ သူ​ပြောတာက​တော့ သူ့ Ba Ba ရှိတဲ့​ Biejin မှာ​ကျောင်းလိုက်​တတ်​ရင်း Ma Ma ရှိတဲ့ Korea ကိုပြန်​လာလိုက်​တာ​ကြောင့်​ ​ကျောင်းအပ်​​နောက်​ကျတယ်​ဆိုလား ဘာလား မသိပါဘူး သူ​ပြောသွားတာရှုပ်​​နေတာပဲ ကျွန်​​တော်​လည်း သိပ်​နားမလည်​ဘူး။ ကျွန်​​တော့အတွက်​က​တော့ hyung ​ဘေးမှာ ရှိ​နေရင်​ကို​ကျေနပ်​ပြီ။
......... More Than Friend.......
ဟော​ပြောရင်းဆိုရင်း သူ့အိမ်​က ကားအဖြူ​လေး​ပေါ်က Hyung တ​ယောက်​ဆင်းလာပါပြီ။ aishiii ပြူးတူး​ကြောင်​​တောင်​နဲ့ဘယ်​​တွေလိုက်​ကြည့်​​နေတာလဲမသိဘူး။ ကျွန်​​တော်​ဒီမှာဗျ hyung ရ ။ Sehun လည်း လက်​က​လေးလှမ်းပြရင်း
''hyung.......''

You've reached the end of published parts.

⏰ Last updated: May 07, 2015 ⏰

Add this story to your Library to get notified about new parts!

More Than FriendsWhere stories live. Discover now