"IF"

901 59 30
                                    

Unicode

          လူသူကင်းမဲ့ကာ ခြောက်ကပ်တိတ်ဆိတ်
လျက်ရှိသည်ဖြစ်သော မြို့စွန်တစ်နေရာတွင် ထူး
ဆန်းစွာတည်ရှိနေသည့် အိမ်ကြီးတစ်ခုဟာ အထီး
ကျန်ခြင်းဆိုသည့် အရိပ်အယောင်တွေဖြင့် ပြည့်နှက်
လို့နေပါတော့ချေသည်။

"မောင် ပြန်လာတော့မှာပဲ"

           ဒါဟာ ထိုအိမ်ကြီးထဲရှိ အခန်းငယ်တစ်ခုအ
တွင်းမှ တိုးညှင်းစွာ ထွက်ပေါ်လာပါသော ယောက်ျား
ငယ်တစ်ဦး၏ အသံပင်ဖြစ်လေသည်။ကုတင်ပေါ်တွင်
မလှုပ်မယှက်ထိုင်ကာ အခန်းထောင့်တစ်နေရာရှိ နာရီ
ကို ငေးမောနေပါသော ထိုကောင်ငယ်လေးရဲ့မျက်ဝန်း
တွေဟာအသက်မပါစွာ။သို့သော် ရင်ထဲတွင်တော့ စိုး
ထိတ်ခြင်း၊ကြောက်လန့်ခြင်းဆိုသည့် ခံစားချက်တို့
ရောထွေးလို့နေပါလိမ့်မည်။

တီ!!!

              နာရီလက်တံဟာ ၇နာရီသို့ ဒေါင်ခနဲကျ
ရောက်သည်နှင့်တစ်ပြိုင်နက် ထွက်ပေါ်လာပါသော
ဒီကားဟွန်းတီးသံဟာ သူ့အတွက်တော့ အိမ်မက်ဆိုး
တစ်ခုကို စတင်မွေးဖွားပေးလိုက်သည်နှင့်တူညီနေချေ
သည်။
           ဘယ်ဘက်လက်ဖဝါးအား ညာဘက်လက်ဖ
ဝါးဖြင့် ခပ်တင်းတင်းဆုပ်ကိုင်ထားရင် ကိုယ့်ကိုယ်
ကိုယ် အားပေးနေမိချေသည်။ယခုကဲ့သို့ ​​ကြောက်လန့်
နေရခြင်းဟာ အခုမှမဟုတ်တော့။လွန်ခဲ့တဲ့၂နှစ်
လောက်ထဲကပင် ဖြစ်ချေတော့သည်။ထိုလူ့လက်ထဲ
တွင် သူဟာပြုသမျှနုနေရတဲ့ အရုပ်သာသာဖြစ်တည်
မှုတစ်ခုပင်တည်း။

ဒေါက်!ဒေါက်!

"မောင်ဝင်လာပြီနော်..."

             အတွေးတို့ဖြင့်နယ်ချဲ့နေရင်း ကုတင်ပေါ်
တွင် ကြက်သေသေနေရာမှ ရုတ်တရက်ထွက်ပေါ်လာ
ပါသော တံခါးခေါက်သံနှင့်အတူ အသိပေးသံအဆုံး
သူကြောက်လန့်ဟန်ဖြင့် မွေ့ယာခင်းအစကို ဆုပ်ကိုင်
လိုက်မိချေသည်။မောင်ဟာ သူ့ကိုကြောက်လန့်ဟန်
ပြရင်မကြိုက်တတ်ပေ။သို့သော် မောင်မကြိုက်တဲ့အ
ရာကိုမှပင် သူကလည်း ထိုစိတ်အစုံကို မထိန်းချုပ်
နိုင်မိ။ 
              ဂျလောက်ဆိုသည့် သော့ဖွင့်သံနှင့်အတူ အခန်းတံခါးလေး ပွင့်ဟလာသည်နှင့် ပထမဦးစွာ
မြင်တွေ့ရပါသော အရပ်ထောင်ထောင်မောင်းမောင်း၊ အသားရည် ခပ်ညိုညိုနှင့် မောင်ဟာ သူ့ကိုလှမ်း
ကြည့်ရင်း နူးညံ့စွာပြုံးပြလို့လာချေသည်။မောင်ဟာ ထိုမျှလောက်ပင် ဟန်ဆောင်ကောင်းလွန်းလှပေ
သည်။သူ ထွက်ပြေးမည်စိုး၍လည်း အလုပ်သွားတိုင်း
ဒီအခန်းငယ်ထဲတွင် သော့ခတ်ကာ သူ့ကိုထားခဲ့ချေ
သည်။အခန်းငယ်ထဲတွင် မီးဖိုးချောင်၊အိမ်သာ၊ရေချိုး
ခန်းအစုံရှိသည်မလို့ သူ့မှာအကြောင်းပြချက်တောင်
ပေးမရပြန်ပေ။

"If I Can Fly"(one shot)Where stories live. Discover now