Chapter (2)

923 133 23
                                    

အချစ်နဲ့မျက်ရည်..
_________________

" ဒါဆို အစ်ကိုက နောက်လဆို စာဆက်မသင်တော့ဘူးပေါ့ "

"အင်း "

အလယ်တန်း သင်ရိုးစာအုပ်ကို ကျောပိုး လွယ်အိတ်ထဲ ထည့်နေရင်း ရှောင်းကျန့်က ခေါင်းညိမ့်လိုက်တယ်..။ သွက်လက်ချက်ချာသော ထိုကလေးက သူဒီလောက်ထိ ခပ်တည်တည် နေတာကိုတောင် အမေးအမြန်းက ထူချင်သေးသည်..။ ခုလဲကြည့်..

" ဘယ်တက္ကသိုလ်ကို တတ်ပြီး ဘယ်ဘာသာကို အထူးပြု လေ့လာမှာလဲဟင်! "

သမာရိုးကျမေးခွန်းပင် ဖြစ်သော်လည်း ထိုမေးခွန်းကို ရှောင်းကျန့်မဖြေချင်..။ သို့ပေမဲ့ မတတ်သာသော အခြေအနေမို့..

" အစ်ကိုက ဆေးကျောင်းတတ်ဖို့ အမှတ်မှီတယ် ဒါပေမဲ့ တတ်ဖြစ်ဖို့ကတော့ သိပ်မရေရာဘူး "

" အမ် ဘာလို့မတတ်တာလဲဗျာ မတတ်ရင် ရထားတယ့် အမှတ်တွေ နှမျောစရာကြီး"

" အင်း နှမျောပေမယ့် Personal ကိစ္စတွေရှိသေးလို့.."

ထိုကောင်လေးက ဆက်မမေးတော့ပဲ တွေးတွေးဆဆ ဖြစ်သွားခဲ့ပြီး ခြံထဲထိ သူ့အား လိုက်ပို့လာသည်..။ ရှောင်းကျန့် စက်ဘီး နင်းထွက်ရန်ပြင်မှ..

" အစ်ကို...နေဦး"

"ဟင်..ဘာလို့လဲ"

"ဟို__ အကယ်လို့ ဆေးကျောင်းတတ်ဖြစ်ရင်လေ နိုင်ငံခြားမှာ သွားတတ်ပါလား အဲ့မှာအခွင့်အရေးတွေ အများကြီးရှိတယ် ကျွန်တော်ကျယ်ကျဲ တစ်ယောက်ဆို အဲ့မှာတော်တော်ကြီးကို အဆင်ပြေနေတာ စာလိုက်နိုင်တဲ့ သူတွေဆိုရင် ကျောင်းမပြီးခင် ကတည်းက ဆေးရုံမှာ အချိန်ပိုင်းဆေးလုပ်သား လုပ်ခွင့် ပေးတယ်တဲ့.."

ထိုစကားကြောင့် ရှောင်းကျန့် မျက်လုံးတွေက အရောင်တဖိတ်ဖိတ် လက်သွားသော်လည်း အပြုံးတို့ကမူ မပီပြင်နိုင်ပဲ တစ်ဝတ်တစ်ပြတ်နှင့် ရပ်တန့်သွားခဲ့သည်..။ နိုင်ငံခြားကို ပညာတော်သင် သွားနိုင်ဖို့က သူ့ဘဝရဲ့ရည်မှန်းချက် ဖြစ်သော်လည်း ဒီဘဝမှာတော့ အဝေးကြီးဝေးခဲ့ပြီ ထင်ပါတယ်..။

ဘယ်မှာလဲ ကျောထောက်နောက်ခံ..။
ဘယ်မှာလဲ ပိုက်ဆံ..။
ကလေးတွေကို စာလိုက်သင်လို့ရတဲ့ ပိုက်ဆံကလည်း ဝမ်နဲ့ကိုယ့်အတွက် တက္ကသိုလ်ဝင်ခွင့် တစ်နှစ်စာလောက်တောင် ဖူဖူလုံလုံမရှိ..။

" အချစ် နဲ့ မျက်ရည် " Where stories live. Discover now