T မြို့၏ မိုးအကုန်ကာလသည် အအေးပိုကာ တိမ်ထူထပ်၏။ ရံဖန်ရံခါမိုးသည်းတတ်ပြီး မိုးကုန်သွားလို့နွေရာသီသို့ကူးပြောင်းလျှင်တောင် တောင်ပေါ်မြို့ဖြစ်၍ အအေးဓာတ်ကရှိနေဆဲပင်။
ထိုအအေးဓာတ်က မဟူ၏အကင်းမသေသေးသောဒဏ်ရာများကို ပိုမိုကိုက်ခဲစေ၏။ ယခုအချိန်မှာသူက စျေးထဲက ချောင်ကျကျလက်မှုပစ္စည်းဆိုင်လေးမှာ အလုပ်ဝင်နေ၏။
ဆိုင်ပိုင်ရှင်က အသက်ခပ်ကြီးကြီးတရုတ်အဖိုးအိုတစ်ဦးဖြစ်ကာ ဆိုင်ကိုကြီးကြပ်ဖို့က မလွယ်ကူဖြစ်နေတုန်းမဟူ အလုပ်ဝင်ေလျှာက်ကြည့်တာနဲ့ အဆင်သင့်သွားခြင်းသာ။ဒီနေ့ အဖိုးက သူ့မိတ်ဆွေအိမ်မှာ မာကျောက်ကစားဖို့ချိန်းထား၍ မဟူ့ကိုဆိုင်စောင့်ထားခဲ့သည် ။ လက်မှုပစ္စည်းတွေပြုလုပ်ခြင်းက မဟူ့အတွက်သိပ်တော့ အစိမ်းကြီးမဟုတ် ။ ဆရာကောင်းကောင်းနဲ့ သေချာမသင်ယူခဲ့ရသော်လည်း သစ်ပေါသည့်တောတွင်းမှာ ခါးကြားထဲထိုးထားသည့်ဓားမြှောင်နှင့် ဟိုစပ်စပ်ဒီစပ်စပ်လှီးဖြတ်ရင်းမှ အခုဆိုရုပ်လုံးပေါ်လာအောင်တော့ ထွင်းထုနိုင်နေပြီပင်။
နောက်ဆုံးတစ်ခေါက်က ခီရာ့အတွက်ရည်ရွယ်ပြီးထွင်းပေးထားသည့် ဘဲငန်းမောင်နှံသစ်သားရုပ်လေးတောင် အခုထိလက်စမသတ်ရသေး။ ထိုင်နေရင်း လုပ်စရာလည်းမရှိသည်မို့ အသုံးမလိုသည့်သစ်သားစ,တွေထဲက အနည်းငယ်ရွေးယူပြီး ယုန်ပုံစံအကောင်ငယ်လေးပုံ စမ်းထွင်းကြည့်နေလိုက်သည်။
မဟူက စဥ်းစားစရာရှိသည့်အချိန်မျိုးဆို ဤကဲ့သို့ ခန္ဓာကိုယ်ကိုအလုပ်ပေးထားတတ်တာများသည် ။ လှုပ်ရှားနေရင်းနဲ့မှ စိတ်ကတွေးတောတတ်တာ သူ့အကျင့်။ စိတ်ရော၊လူရော တစ်ပြိုင်ထဲ အလုပ်လုပ်တတ်တာကြောင့် မကြာခဏလည်းထိခိုက်ဒဏ်ရာရတတ်၏။ ယခုလည်း အကျင့်ကပြင်မရ။
သူဒီကိုရောက်ကတည်းက ခီရာ့သတင်းမကြားရသေးသလို အရိပ်အယောင်တောင်မမြင်ရသေးပါ ။ Kira ဂိုဏ်းဘက်ကတော့ သူဒီကိုရောက်နေတာ သိနေကြမည်မှန်း သူခန့်မှန်းမိ၏။ ယခုအချိန်ထိ လာမရှာကြသေးပုံထောက်ရင် ကြားထဲမှာတားဆီးထားတဲ့လူတစ်ယောက်ယောက်ရှိနေလိမ့်မည် ။ အကယ်၍ ထိုလူဟာ ခီရာသာဆိုလျှင် Kira ဂိုဏ်းနဲ့သူ့အကြား ချိတ်ဆက်မှုတစ်ခုခုရှိသွားမှာ သူစိုးလှ၏။ ဒီလိုသာဆို ခီရာ့ကိုပြန်ခေါ်ဖို့က ခက်ချေဦးမည်။
VOCÊ ESTÁ LENDO
နိယာမ(Desire) [ခေတ္တရပ်နား]
RomanceRead? Or else Leave ..... ယခု fiction တွင်ပါဝင်သောအကြောင်းအရာများသည် သွေးထွက်သံယိုအခန်းများ ၊ စိတ်မချမ်းမြေ့ဖွယ်အခြေအနေများ ၊ အသုံးအနှုန်းကြမ်းများပါဝင်နိုင်ပါသဖြင့် warning 20+ ပေးထားပါသည်။ ထို့ကြောင့် ဖတ်မည်ဆိုပါက read ur own risk guys!