(အပိုင်း၁)

3.6K 200 126
                                    

နေ့တစ်နေ့ရဲ့အစ။ အကျအနဝတ်ထားသည့် suit ကိုပြင်ဆင်လိုက်ရင်း ကုမ္ပဏီထဲသို့ခြေချလိုက်သည်။

" မင်္ဂလာပါCEO"

"မင်္ဂလာပါCEOကောင်းသောနေ့လေးဖြစ်ပါစေ"

" အင်း"

လမ်းတစ်လျှောက်ခါးကျိုးမတက်နှုတ်ဆက်နေကြသူများအား။မျက်လုံးတစ်ချက်သာဆွေကြည့်ပြီးမကောင်းတတ်၍ပြန်ဖြေလိုက်သည်။

ကိုယ်မခေါ်ပါပဲ အနောက်ကနေတစ်သီတစ်တန်းကြီးလိုက်ပါလာကြတဲ့။ ရှယ်ရာရှင်များနှင့်မန်နေဂျာကတော့ မိုးလင်းပြီဆိုတာနှင့်သူတို့ရဲ့ကပ်ဖားရပ်ဖားလုပ်ငန်းစဥ်ကိုစကြတော့မည်ဖြစ်သည်။

" CEOဗျ ဒီနေ့ Kids Center တွေဘက်ကိုပတ်ဦးမှာလား။ တကယ်လို့ပတ်ဖြစ်ခဲ့ရင် Center တစ်လျှောက်အမှားရွန်းမရှိစေဖို့ကျွန်တော်ကြိုမှာထားလိုက်ပါ့မယ်။"

" မလိုဘူး။ ငါဒီနေ့ ကုမ္ပဏီကိုခဏပဲလာမှာ။ အခု Center ဘက်ကိုကြည့်ပြီးတာနဲ့ သွားစရာရှိလို့ပြန်တော့မှာ။"

"ဟုတ်ကဲ့CEO။ ဒါဆိုကျွန်တော်တို့တာဝန်ကျေလိုက်ပါ့မယ်။"

ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်ပြီး Men Fashion တွေရှိရာဘက်ကိုလှည့်ပတ်စစ်ဆေးသည်။

ကြည့်ရသလောက်ကတော့ ဝန်ထမ်းများကအစ သန့်ရှင်းရေးအဆုံး။ အလုပ်ကောင်းကောင်းလုပ်နေကြခြင်းကြောင့် ကျေနပ်မိသည်။

" ဒီမှာရှင့်။ ဝယ်ယူမှုကိုကျေးဇူးတင်ပေမယ့် အခုလိုသက်သက်မဲ့ပြဿနာရှာနေတာတော့သည်းမခံနိုင်ပါဘူး။"

" အမ ကသာပြဿနာရှာနေတာမဟုတ်ဘူးလား။ ကျွန်တော်ပြောတာရှင်းရှင်းလေးပဲလေ။ သောင်းဂဏာန်းတန်တဲ့ပစ္စည်းကိုသိန်းဂဏာန်းရောင်းနေတာအမတို့အမြတ်ကြီးစားတာပဲမဟုတ်လား။"

" ရှင်!"

ဆိုင်တစ်ဆိုင်အတွင်းရှိဆူညံသံများကြောင့် ခြေလှမ်းတို့သည်တုန့်ကနည်းရပ်တန့်သွားသည်။ ထို့နောက်မှာတော့ ဖြတ်သွားဖြတ်လာ လူတို့၏အကြည့်ရှိရာကိုလိုက်ကြည့်မိသော်။

" အနာပေါ်တုတ်ကျသွားတာလားအမ။ ဒီ Pants တစ်ထည်မှ ဝမ်၆သောင်းပဲရှိတာ ဘယ်ဆိုင်သွားဝယ်ဝယ်ဒီစျေးနဲ့ဒီတံဆိပ်ကြီးပဲ။ အခုအမတို့ဆိုင်ကျမှ ၁သိန်း၂သောင်းဆိုတော့လွန်လွန်းနေပြီ။"

(Side Effects)Where stories live. Discover now