[chapter 1]

463 28 0
                                    

အပြင်မှာ မိုးတွေအသည်းအသန်ရွာနေသည် ဆောနူ စိတ်ညစ်မိသည် သူဒီနေ့ ထွက်ခါနီး မိုးလေဝသ သတင်းကိုမကြည့်မိခဲ့ဘူးပဲ မိုးကလည်း သည်းကြီးမည်းကြီးမို့ တိတ်မည့်ဟန်မမြင်သဖြင့်
"ရားး ကင်ဆောနူ မင်းကတော့လေ အမြဲဖြစ်လိုက်ရင်ကူကယ်မရတွေချည်းပဲ "
ကိုယ့်ကိုယ်ကိုယ်သာဆူပူလိုက်သည် ။ နာရီကြည့်မိတော့ 7နာရီတောင်ထိုးတော့မည်။ ဆောနူအိမ်ပြန်ရန်သာ စိတ်ထဲ လောနေသည်။ဒီနေ့က သူနဲ့ hyung နဲ့တွေ့နေကြရက် ထိုနေ့လေးရောက်ဖို့တပတ်လုံး ပြင်ဆင်နေခဲ့တာ ဒါပေမယ့် သူ့ရဲ့ ပေါ့ဆမှုကြောင့် အစီအစဥ်တွေပင်ပျက်ကုန်ရပြီ။ hyung ကို ဟင်းချက်ကျွေးရန်လည်း ပစ္စည်း များဝယ်ရန်အချိန်မရတော့ hyung ကတော့အကြာကြီးစောင့်နေရလို့ စိတ်တိုနေတော့မှာပဲလို့သာ တွေးပြီး ကားစီသို့ မိုးရေထဲပြေး၍သာ သွားလိုက်သည်။
မိုးရွာနေသည်မို့ အတော်အသင့်မောင်းခဲ့ပြီး 7:20 လောက်အိမ်ကိုရောက်သည်။
တံခါးကို ကိုင်လိုက်တော့ hyung ခုထိစောင့်နေသေးသည်ထင် တခါထဲပွင့်သွားသည်။ ဆောနူမြန်မြန်သာ အိမ်ထဲဝင်လိုက်သည် အိမ်ထဲတွင်အမှောင်ထုကြီးသာကြီးစိုးနေသောကြောင့် ဆောနူ နဲနဲတော့လန့်သွားသည် ပုံမှန်ဆို hyung ကရောက်နေရင် မီးဖွင့်ပြီး အေးအေးလူလူ သူ့ကို ကြိုဆိုလိမ့်မည် အခုလိုအမှောင်အတိ ဖြစ်နေမည်တော့မဟုတ် ထိုကြောင့်မီးကိုအမြန်ဖွင့်လိုက်တော့ ဆိုဖာပေါ်မှာ အိပ်ပျော်နေသည့် hyung ။ hyung နားခြေသံဖွဖွလေးဖြင့်​လျှောက်သွားလိုက်ပြီး
"hyung ကျွန်တော့်ရဲ့ hyung.... "
တိုးဖွဖွ ခေါ်လိုက်ပြီး ထိုသူ၏ချောမောလှသည့်မျက်နှာအား ငေးကြည့်နေမိသည်။ hyung မျက်နှာလေးမှာအနည်းငယ်ချောင်ကျလို့နေသည် ။ဒီရက်အတွင်း hyung ရဲ့အလုပ်တွေကပင်ပန်းလို့ထင်   ဘယ်လိုတောင်စားချိန်မရှိအောင်အချိန်ပေးရတဲ့ထိအလုပ်ရှုပ်​​နေတာမို့လို့လဲ ဆောနူအလုပ်ကိုသာအပြစ်တင်လိုက်ပြီး
hyung မျက်နှာလေးအားစိုက်ကြည့်ရင်းနှလုံးသားလေးပါနာကျင်လာသည်။ ထိုမျှလောက် သူhyung ကိုချစ်သည် ။ အိပ်နေတဲ့ hyung ကရေခဲမင်းသားလေးလိုပဲ တည်ငြိမ်စွာအိပ်စက်နေသည် ဆောနူအိပ်နေတဲ့သူကိုတခုခုလုပ်ပလိုက်ချင်သည်။ လုပ်လိုက်လို့နိုးလာရင်လည်း အခက်တွေ့ပေအုံးမည် ဒါကြောင့် နဖူးပြင်ကိုသာနူးညံ့တဲ့ အနမ်းပေး၍ ထမည်အလုပ် လက်အားလှမ်းဆွဲခံလိုက်ရတာကြောင့် အရှိန််ဖြင့် ထိုသူ့ပေါ်အား ပြုတ်ကျလျက်
"ဆောနူ ကိုယ့်ရဲ့ ဆောနူ.."
hyung ရဲ့ခေါ်သံထဲမှာနူးညံ့မှုကအပြည့်ပင်
ရင်ဘတ်ပေါ်ပြုတ်ကျသွားတာကြောင့်hyung လေးမည်စိုး၍ကုန်းထသော်လည်း တင်းကြပ်စွာဖက်ထားသည့်hyung ကြောင့် အငြိမ်သာနေပေးရတော့သည်
"အိပ်နေတဲ့လူကိုခိုးနမ်းတာပြစ်မှုမြောက်တယ်နော် ဆောနူရား"
ထိုသို့ မျက်နှာချင်းဆိုင်ပြောလာတဲ့သူကြောင့်ဆောနူ မျက်နှာ စတော်ဘယ်သီးကဲ့သို့နီရဲလျက်
"hyung hyung! ဘယ်ချိန်ထဲကနိုးနေတာလဲ "
"ဘယ်ချိန်ထဲကလို့ထင်လဲ ဆောနူ တံခါးဖွင့်ပြီးအိမ်ထဲဝင်လာထဲကလောက်လို့ထင်တာပဲ"
"hyung ကအဲ့တာဆိုအိပ်ချင်ယောင်ဆောင်နေတာပေါ့လေ"
ဆောနူမကျေနပ်သည့်လေသံလေးဖြင့်ပြောတော့ ဆောင်ဟွန်း ကသဘောတကျရယ်သည်
"ဒါပေမယ့် အိပ်နေတဲ့လူကိုခိုးနမ်းတဲ့အမှုကပိုကြီးတယ်လေ ဆောနူလေးရယ်"
ဆောင်ဟွန်း နားနားကပ်ကာလေတိုးရုံအသံဖြင့်ပြောလိုက်တော့ ဆောနူတကိုယ်လုံးကြက်သီးပင်ထ သွားသည် ။
"hyung ကလူဆိုးကြီး! "
"ဟားဟား ကိုယ်က လူဆိုးကြီးပေါ့ ခိုးနမ်းတဲ့ကောင်လေးကြလူကောင်းလေးလား"
"hyung ကဗျာ"
ဆောနူရှက်ရှက်ဖြင့် hyung ရင်ဘတ်အားတချက်ထုကာ ကုန်းထ၍ အိပ်ခန်းထဲသာပြေးဝင်သွားသည်။
ရှက်ပြီးပြေးသွားတာများလုံးနေတာပဲ တခါတလေဆို သူ့ရဲ့အကောင်ပေါက်လေးကချစ်ဖို့ကောင်းလွန်းလို့ကို ဖွက်ထားချင်စိတ်ပါပေါက်သည်
လူကိုခိုးနမ်းပြီး လူဆိုးကြီးလို့လဲစွပ်စွဲသေးနောက်ခါ အဲ့လိုမပြောရဲအောင် ဆွဲကို ငုံထားပြစ်မယ်
.....
ဆောနူ ရေချိုးပြီးထွက်လာတော့ hyung က အိပ်ယာပေါ်မှာထွက်လာသည့်သူ့အားခေါင်းအစခြေအဆုံးကြည့်နေပေသည်။ hyung အကြည့်များကြောင့် ဆောနူအနဲငယ်တောင်ပူလာရသည်။
"hyung ညစာစားပြီးပြီလား"
ဆောနူပြောလိုက်မှအကြည့်လွှဲကာဖြေလာတဲ့ ဆောင်ဟွန်း
"စားပြီးပြီ ကိုယ်အလုပ်မှာ လုပ်ဖော်ကိုင်ဖက်နဲ့စားခဲ့တယ်"
"အော်ဟုတ်လား "
"ဆောနူရော စားပြီးပြီလား ကိုယ်တခုခုလုပ်ပေးရမလား"
"ကျွန်တော်ဘာသာလုပ်ပါ့မယ် hyung ကအလုပ်မှာလည်းပင်ပန်းနေတာကို ကျွန်တော်မလုပ်ခိုင်းရက်ပါဘူး"
"ဟား ဟုတ်ပါပြီဗျာ သွားရအောင် ကိုယ်လိုက်စောင့်ပေးမယ်"
"အွန်း hyung"
ထိုညက hyung နဲ့သူ ထမင်းစားပြီး လေ့ကျင့်ခန်းအနဲငယ်လုပ်ဖြစ်ကြသေးသည်။ မနက်နိုးလာတော့ hyung ကပုံမှန်အတိုင်းပင်မရှိတော့။ ဒါတွေဖြစ်နေကျပင် hyung ကမနက်ခင်းဆိုစောစောထသွားလေ့ရှိသည်။သူလည်းပုံမှန်အတိုင်းပင်ပြင်ဆင်ပြီး ကုမဏီသို့လာခဲ့သည်။
........
hyung နဲ့ သူနဲ့က လူသိမခံတဲ့ ဆက်ဆံရေးတခု hyung က sun group ရဲ့ အမွေဆက်ဆံမည့် တဦးတည်းသောသား သူက ​ကြတော့ hyung နဲ့ဘယ်အရာမှနှိုင်းယှဥ်လို့မရတဲ့ သာမာန် လခစားတယောက်သာသာပဲ တခါတလေ ဆို hyung နဲ့သူ ဒီလိုဆက်ဆံရေးနေဖို့တောင် တန်ရဲ့လားလို့ဆိုတဲ့အတွေးက ခဏခဏဝင်လာသည် hyung ကတော်တဲ့လူတယောက် ပြီးတော့ သူ့အပေါ်ကောင်းပေတဲ့တဦးတည်းသောလူသား။ သူ hyung ကိုချစ်တယ် hyung ကို ပေးဆပ်ရမယ်ဆိုရင်တောင် သူ့ကိုယ်သူ မနှမျောပဲ အရာအားလုံးပေးဆပ်မိလိမ့်မယ် hyung ကသူ့ကိုမချစ်ရင်တောင် နောင်တမရပဲပေးဆပ်နေလိမ့်မည်။

#စစရေးတာမို့တိုသွားတယ်
#လိုအပ်ချက်တွေအများကြီးရှိနေမှာမို့ သည်းခံဖတ်ပေးဖို့တောင်းဆိုပါတယ်
#ဖတ်ပေးတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်

HyungWhere stories live. Discover now