"စိတ်ဝိညာဉ်မှာ ဖွဲ့စည်းခြင်းအဆင့်၊ ဒြပ်ထည်အဆင့်၊ အစစ်အမှန်အဆင့်နဲ့ နတ်ဘုရားစိတ်ဝိညာဉ်ဆိုပြီးတော့ အဆင့်လေးဆင့်ရှိတယ်..."
"အားကောင်းတဲ့စိတ်ဝိညာဉ်ပိုင်ဆိုင်တဲ့ ဘယ်သူမဆို အဆင့်မြင့်မူလမှော်စာလုံးတွေကို ရေးဆွဲနိုင်ကြတယ်... နင့်ရဲ့စိတ်ဝိညာဉ်စွမ်းရည်ကမဆိုးပေမဲ့ ဒါကဖွဲ့စည်းခြင်းအဆင့်ကိုတောင် ရောက်ရှိခြင်းမရှိသေးဘူး..." ငယ်ရွယ်တဲ့မိန်းခလေးတစ်ယောက်ရဲ့ တည်ငြိမ်တဲ့စကားသံက ကျောက်တုံးအိမ်လေးထဲမှာ ပဲ့တင်ရိုက်ခတ်နေသည်။ နေရဲ့အလင်းရောင်က သူမရဲ့လှပတဲ့မျက်နှာလေးပေါ်ကို ဖျန်းပက်ကျရောက်နေခဲ့ပြီး သူမရဲ့ပုံစံက လွန်စွာမှပင်ဆွဲဆောင်မှုရှိလှပေသည်။
"စိတ်ဝိညာဉ်မှာ မူလကပုံသဏ္ဍာန်မရှိပေမဲ့ ဒါကိုအဆက်မပြတ်ပေါင်းစပ်ခြင်းက လူတစ်ယောက်ရဲ့ ပုံသဏ္ဍာန်မရှိတဲ့စိတ်ဝိညာဉ်ကို ပုံသဏ္ဍာန်တစ်ခုဖြစ်ပေါ်စေတယ်... ဒီလိုပုံသဏ္ဍာန်တစ်ခုနဲ့ပထမအဆင့်ကို ဖွဲ့စည်းခြင်းပုံသဏ္ဍာန်လို့ခေါ်ကြပြီးတော့ ဖွဲ့စည်းခြင်းအဆင့်လို့လည်းသိကြတယ်..."
"စိတ်ဝိညာဉ်ကိုသန်မာစေဖို့အတွက် နည်းလမ်းနှစ်ခုရှိတယ်... ပထမတစ်ခုက လူတစ်ယောက်ရဲ့စွမ်းအားမြင့်လာတဲ့အချိန်မှာ သူ့ရဲ့စိတ်ဝိညာဉ်ကလည်း အလိုလိုသန်မာလာလိမ့်မယ်... ဒါပေမဲ့ ဒီနည်းလမ်းကအရမ်းကိုနှေးပြီးတော့ စိတ်ဝိညာဉ်ဘယ်လောက်အထိ သန်မာလာနိုင်မလဲဆိုတာ ကန့်သတ်ချက်ရှိတယ်... ဒုတိယနည်းလမ်းက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကိုလေ့ကျင့်တာပဲ... ဒါပေမဲ့လည်း ဒီကမ္ဘာပေါ်မှာ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းကျင့်စဉ်တွေက အရမ်းကိုရှားပါးပြီးတော့ စွမ်းအားမြင့်တဲ့အဖွဲ့အစည်းအနည်းငယ်ကသာ ဒါကိုပိုင်ဆိုင်ကြတယ်..."
ယောင်ယောင်က ဇူယွမ်ကိုတစ်ချက်ကြည့်ပြီးမှ ဆက်ပြောသည်။ "အဖိုးဟေးနင့်ကိုပေးခဲ့တဲ့ မူလဖျက်စီးခြင်းနတ်ဘုရားရဲ့စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းက အလွန်အဆင့်မြင့်တဲ့စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းပဲ... ဒါပေမဲ့ ဒီနည်းလမ်းကိုလေ့ကျင့်တဲ့အချိန်မှာ ကြီးမားတဲ့အန္တရာယ်ကိုကျော်လွှားနိုင်ဖို့ဆိုတာ သတ္တိရှိနေဖို့လိုအပ်တယ်... တစ်ချို့အရာတွေက နင်ဒါကိုလေ့ကျင့်တဲ့အခါကျ အလိုလိုသိလာပါလိမ့်မယ်..."
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasyနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။