ဒုတိယမြောက်နေ့ နံနက်ခင်းအစောပိုင်း။ဇူယွမ်က သားရဲကိုးကောင်စွပ်ပြုတ်တစ်ခွက်နဲ့ ဆန်းကြယ်သလင်းကျောက်ထမင်းတစ်ခွက်ကို စားသောက်ပြီးတဲ့နောက်မှာ နဂါးကခုန်ခြင်းပုံစံ ၉၈ မျိုးကို ဆက်လေ့ကျင့်ခဲ့ပြီး သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေဖွင့်ဖို့ တိုက်ခိုက်ရန်အတွက် မူလချီတွေကိုစုပ်ယူလိုက်သည်။
နေ့လည်ပိုင်းရောက်တဲ့အချိန်မှာ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို နောက်ထပ်လေးကြိမ်ထပ်လေ့ကျင့်၍ တိုက်ခိုက်ခဲ့သည်။ ဇူယွမ်ရဲ့စွမ်းအင်ဝင်ပေါက်တွေကနာကျင်ပြီး သူ့ခန္ဓာကိုယ်မှာချွေးတွေနဲ့စိုရွှဲနေသော်လည်း သူ့ရဲ့ပထမဝင်ပေါက်က ပိုပိုပြီးလျော့ပါးလာတာကို ခံစားနိုင်ခဲ့သည်။ သူ့ရဲ့နှလုံးသားထဲမှာ မျှော်လင့်ချက်တွေနဲ့ စိတ်လှုပ်ရှားမှုတွေက ဖုံးကွယ်မထားနိုင်လောက်အောင် ပြည့်နှက်နေပေသည်။ အစေခံမိန်းခလေးတစ်ယောက်က ဘေးကနေတဘက်တစ်ထည်ကမ်းပေးလိုက်ပြီး ဇူယွမ်သူ့ရဲ့ချွေးတွေသုတ်နေတာကို ပြီးအောင်စောင့်နေခဲ့ပြီးမှ လေးစားစွာပြောလိုက်သည်။ “မင်းသားလေး… မင်းသားလေး အလိုရှိတဲ့ပစ္စည်းတွေအကုန်လုံးရောက်နေပါပြီ…”
“အိုး!”
ဇူယွမ်ကဒါကိုကြားလိုက်ရတဲ့အခါ အရမ်းကိုပျော်ရွှင်သွားခဲ့ရပြီး အခန်းထဲကိုအလျင်အမြန်ပဲ လျှောက်လှမ်းသွားလိုက်သည်။ ကျိန်းသေပေါက်ပင် သူကအရောင်အသွေးစုံလင်စွာနဲ့တောက်ပနေပြီး သေသေချာချာစီချထားတဲ့ တစ်ဒါဇင်ခန့်ရှိတဲ့ ကျောက်တုံးတွေကို တွေ့လိုက်ရသည်။ အနီးကပ်စစ်ဆေးကြည့်လိုက်မယ်ဆိုရင် တစ်စုံတစ်ယောက်က ကျောက်တုံးတွေထဲမှာ ခပ်မှိန်မှိန်ပုံရိပ်တွေကို ရှာတွေပေလိမ့်မည်။ ဒီပုံရိပ်တွေက များပြားလှတဲ့မှော်သားရဲတွေရဲ့ ပုံရိပ်နဲ့တူညီကာ ထူးဆန်းတဲ့အလင်းရောင်တွေ ထုတ်လွှတ်နေလျက်ရှိသည်။
ဒီအရာတွေက မှော်သားရဲစိတ်ဝိညာဉ်ကျောက်တုံးတွေပင်။ မှော်သားရဲတစ်ကောင် သေဆုံးသွားပြီးတဲ့နောက်မှာ သူတို့ရဲ့မှော်သားရဲစိတ်ဝိညာဉ်ကို ကာကွယ်ပေးနိုင်တဲ့ပုံစံတစ်ခုကဲ့သို့ ကျောက်တုံးပုံစံတစ်ခုအဖြစ် သိပ်သည်းကျစ်လစ်သွားစေခဲ့သည်။
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasíaနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။