မူလမှော်စာလုံးရေးသားရာမှာ လုံးဝကျွမ်းကျင်ဖို့က ထင်သလောက်မလွယ်ကူချေ။ ဒါက မှော်စာလုံးတွေကို ရိုးရှင်းစွာရေးဆွဲမရသောကြောင့်ပင်။ လူတစ်ယောက်က သူ့ရဲ့စိတ်ဝိညာဉ်ကို မူလစုတ်ချက်တိုင်းမှာ မှင်ရည်ကဲ့သို့အသုံးပြုနိုင်ရန် လိုအပ်ပေသည်။ တစ်ချိန်တည်းမှာပဲ စုတ်တံကိုကိုင်လိုက်တဲ့အချိန်မှာ စိတ်ဝိညာဉ်က လုံလောက်အောင် သန်မာမှုရှိမနေခဲ့ဘူးဆိုရင် မူလစုတ်ချက်တွေက ၎င်းနဲ့ဆန့်ကျင်ပြီးတော့ မပြည့်စုံမှုတွေဖြစ်ပေါ်လာလိမ့်ပေမည်။ဒါ့အပြင် ဒီလိုမပြည့်စုံမှုတစ်ခုက မူလမှော်စာလုံးတစ်ခုလုံးကို ပျက်စီးဆုံးရှုံးသွားစေလိမ့်မည်ဖြစ်သည်။
ဒါ့ကြောင့် ပြီးပြည့်စုံတဲ့အဆင့်ကိုရောက်ရှိဖို့ အကြိမ်ပေါင်းများစွာလေ့ကျင့်ဖို့လိုအပ်ပြီး ဒီလိုမှသာ မူလမှော်စာလုံးပုံစံတစ်ခုဖြစ်ပေါ်လာအောင် ရေးဆွဲနိုင်ပေလိမ့်မည်။
ဒါ့အပြင်နောက်ရက်တွေမှာ ဇူယွမ်က နဂါးကခုန်ခြင်းပုံစံလှုပ်ရှားမှု ၉၈ မျိုးနှင့် မူလဖျက်စီးခြင်းနတ်ဘုရား၏စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းလေ့ကျင့်ခြင်းအပြင် ကျားဟိန်းသံမှော်စာလုံးကို လေ့ကျင့်ရန်အတွက်လည်း အချိန်အချို့ယူရပေလိမ့်မည်။
ဒီအတောအတွင်းမှာ ဇူယွမ်က အခြေခံလှံနည်းစနစ်အချို့ကို လေ့လာဖို့အတွက်လည်း အချိန်ယူရပေဦးမည်။ သူက၎င်းကိုကိုင်တွယ်အသုံးပြုတဲ့အခါ အကြံဉာဏ်မရှိ အခြေခံမရှိတာတွေဖြစ်ခြင်းမှ ရှောင်ရှားနိုင်စေဖို့က သူကိုယ်တိုင် ကောင်းကင်ယွမ်စုတ်တံကို လက်နက်တစ်ခုအနေဖြင့် ပိုမိုရင်းနှီးမှုရှိလာစေရန်လိုအပ်ပေသည်။
ဇူယွမ်ရဲ့အချိန်တွေကို ဒီလိုမျိုးစီစဉ်ထားရှိမှုက လုံလောက်စွာအသုံးဝင်နိုင်ပေသည်။ သို့ပေမဲ့လည်း အချိန်ကိုစီစဉ်ထားရုံနဲ့မပြီးသေးဘဲ နေ့တိုင်းခက်ခက်ခဲခဲကြိုးစားပြီး လုံ့လဝီရိယရှိစွာ အသုံးချရပေမည်။
သူ့ရဲ့လုံ့လဝီရိယနဲ့ ကြိုးစားအားထုတ်မှုအောက်မှာ အရေးကြီးတဲ့အဆင့်တစ်ခုက လျှင်မြန်စွာပဲနီးကပ်လို့လာခဲ့သည်။
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasíaနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။