"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
လင်ဖုန်းနှင့် လျှိုစီတို့ရဲ့ မျက်နှာတွေက အလွန်အမင်းအံ့အားသင့်မှုတွေဖြင့် ပြည့်နှက်နေခဲ့ကြသည်။ သူတို့ရဲ့မျက်လုံးတွေက အနားမှာရှိတဲ့ စင်မြင့်ပေါ်မှ ပိန်ပါးတဲ့ပုံရိပ်ကို ကော်နဲ့ကပ်ထားသည့်အလားကြည့်နေခဲ့ပြီး အံ့အားသင့်စွာ ပြောလိုက်သည်... "သူက ဝင်ပေါက်သုံးခုဖွင့်ထားနိုင်တဲ့ ကျင်ကြံသူတစ်ယောက်ကို ခြေကန်ချက်တစ်ချက်တည်းနဲ့ စင်မြင့်ပေါ်ကနေ ဖယ်ရှားခဲ့တာလား..."
ချီယွဲ့ရဲ့မျက်နှာက လှုပ်ရှားသွားခဲ့ရသလို သူ့မျက်လုံးတွေကလည်း နက်မှောင်သွားခဲ့ပြီး အေးစက်စွာပြောသည်... "ကြည့်ရတာ ငါတို့တွေ ဇူယွမ်နဲ့ပတ်သက်ပြီးတော့ လှည့်စားခံလိုက်ရပြီ... စောစောကသူ့ရဲ့ခြေကန်ချက်မှာ သူကမူလချီတွေကို အသုံးပြုခဲ့တယ်... ဒါက သူ့မှာအနည်းဆုံး စွမ်းအင်ဝင်ပေါက်တစ်ခုတော့ ပွင့်နေခဲ့ပြီလို့ဆိုလိုတယ်... "
လင်ဖုန်းနဲ့လျှိုစီတို့ရဲ့မျက်လုံးတွေ လှုပ်ခတ်သွားခဲ့ရသည်။ ဇူယွမ်ရဲ့စွမ်းအင်ဝင်ပေါက်ရှစ်ခုက သူတို့ကိုယ်တိုင်ထွက်ပေါ်လာဖို့ ငြင်းဆန်ခဲ့တာကို သူတို့တွေသိကြလေသည်။ ဒါဆိုဘာကြောင့် သူတို့တွေက ခုမှရုတ်တရက်ကြီး ပွင့်လာခဲ့ရတာလဲ။
ဇူယွမ်က သူကိုယ်တိုင် အမှန်တကယ်ကို ဖုံးကွယ်ထားခဲ့ပေသည်။
ချီယွဲ့က အသက်ကိုပြင်းစွာရှူလိုက်ပြီး လျှို့ဝှက်စွာပြောသည်... "သူက သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို မကြာခင်ကမှ ဖွင့်ထားနိုင်ခဲ့တဲ့ပုံပဲ... ဒါ့ကြောင့် အများကြီးမဖွင့်ထားနိုင်လောက်သေးဘူး... ပိုင်ယွန်လျင်မြန်စွာ ရှုံးသွားခဲ့ရတဲ့အကြောင်းအရင်းက သေချာမကာကွယ်နိုင်ခဲ့တဲ့အပြင်ကို မူလကျင့်စဉ်တစ်ခုကိုတောင်မှ သုံးဖို့အခွင့်အရေးမရခဲ့လိုက်တဲ့အတွက်ကြောင့်ပဲ..."
"တကယ်လို့ သူသာကြိုပြီးပြင်ဆင်ခဲ့မယ်ဆိုရင် ဇူယွမ်အနိုင်ရဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး..."
ဒီစကားကိုကြားလိုက်ရသည့်အခါ လင်ဖုန်းနဲ့လျှိုစီတို့ရဲ့ အမူအယာက ပြန်လည်တည်ငြိမ်သွားခဲ့ရပြီး သဘောတူသည့်အလား ခေါင်းညိတ်ပြလိုက်ကြသည်။ ဇူယွမ်က သူ့ရဲ့ခွန်အားကို ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားခဲ့တဲ့အတွက် သူ့ပြိုင်ဘက်က သတိမထားမိတဲ့အချိန်မှာ လျှပ်တစ်ပြက်တိုက်ခိုက်ပြီး အနိုင်ယူသွားခဲ့ခြင်းဖြစ်ရပေမည်။
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantastikနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။