ဝှစ်...ဇူယွမ်ရဲ့ စကားသံပျံ့လွင့်သွားတာနဲ့ တစ်ချိန်တည်းမှာ သူ့ရဲ့ခန္ဓာကိုယ်ကလည်း သစ်နက်တစ်ကောင်အလား လျင်မြန်သည့်အရှိန်ဖြင့် ရှေ့ကိုပြေးထွက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ မူလချီအလင်းတန်းတွေ စီးဆင်းနေမှုကြောင့် သူ့ရဲ့စွမ်းအားနဲ့ အမြန်နှုန်းက တစ်ဟုန်ထိုးမြင့်တက်လာခဲ့ရသည်။
"မင်းက သေချင်နေတာပဲ..."
ဇူယွမ်သူ့ရဲ့တန်ပြန်တိုက်ခိုက်မှု စတင်ပြုလုပ်တာကို မြင်လိုက်ရသည့်အခါ လင်ဖုန်းရဲ့မျက်လုံးတွေထဲမှာ အေးစက်စက်အလင်းရောင်တွေ စီးဆင်းသွားခဲ့ရသည်။ လင်ဖုန်းအနေဖြင့် ဝင်ပေါက်လေးခုဖွင့်ထားနိုင်သူတစ်ယောက်ဖြစ်ကာ ဇူယွမ်ရဲ့ ဒီလိုမျိုးတုန့်ပြန်မှုက သူ့ရဲ့ဝင်ပေါက်လေးခုဖွင့်ထားနိုင်ခြင်းဆိုတဲ့ အဆင့်အတန်းကို အမှန်တကယ်သိမ်ငယ်သွားစေသည်။
"မင်းက အရမ်းကို ယုံကြည်မှုရှိနေတယ်ပေါ့... ငါက မင်းရဲ့ဒီယုံကြည်မှုကို လူတိုင်းရဲ့ရှေ့မှာ ဖျက်စီးပေးရလိမ့်မယ်... "
လင်ဖုန်းရဲ့ လက်ချောင်းတွေက တဖြည်းဖြည်းနဲ့ တင်းတင်းကျပ်ကျပ်ဆုပ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ပေါ်မှာလည်း မူလချီအလင်းတွေ ထွက်ပေါ်ကာ စီးဆင်းနေလျက်ရှိပေသည်။ သူ့ရဲ့အဝတ်အစားတွေကလည်း တဖျပ်ဖျပ်လှုပ်ခတ်နေပြီး သူ့အရေပြားအောက်က ကြွက်သားတွေကတုန်ခါလာခဲ့ကာ စွမ်းအားတွေက ပေါက်ကွဲထွက်သွားတော့မည့်အလား စုစည်းလာခဲ့ကြသည်။
ခန့်ညားလောက်တဲ့ အရှိန်အဝါတွေက လင်ဖုန်းရဲ့ခန္ဓာကိုယ်မှ ပျံ့လွင့်လာခဲ့သည်။ အခုအချိန်မှာ ဝင်ပေါက်လေးခုရဲ့စွမ်းအားတွေက သူတို့ရဲ့နောက်ဆုံးအကန့်အသတ်ထိရောက်အောင် ထုတ်ဖော်ထားခဲ့ပြီးဖြစ်သည်။
စင်မြင့်အောက်မှာရှိတဲ့ လူအုပ်ကြီးကလည်း လင်ဖုန်းရဲ့အရှိန်အဝါကို ခံစားမိခဲ့လိုက်ပြီး သူတို့ရဲ့အမူအယာတွေက အနည်းငယ်ပြောင်းလဲသွားခဲ့ရသည်။ စုယုဝေတောင်မှ မျက်မှောင်အနည်းငယ်ကျုံ့သွားခဲ့ရပြီး သူမရဲ့သေးသွယ်တဲ့လက်တွေကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်မိသကဲ့သို့ သူမရဲ့လှပတဲ့မျက်နှာလေးပေါ်မှာလည်း စိုးရိမ်မှုတွေဖြတ်ပြေးသွားခဲ့ရသည်။
YOU ARE READING
နဂါးမင်းသား၏ကံကြမ္မာ
Fantasyနဂါးမင်းသား၏ကံကြမ္မာpageမှာ စာစဥ်လာရောက်ဝယ်ယူနိုင်ပါတယ်။